အပိုင်း (၅၂၄) - အံ့ဖွယ်မျက်ရည်စက်

Start from the beginning
                                        

ထိုအချက်မှာပင် လင်းယုသည် သခင်လေးဖြစ်လာခြင်း အဓိပ္ပာယ်ကို အနည်းငယ် ခံစားမိသည်။ မျိုးနွယ် အတွင်းတွင် သူ့ကို မကျေနပ်သည့်လူများရှိနေသည်ကို သူသိသည်။ သူသည် သခင်လေးဆိုသည့် သူ၏ ရာထူး ကို မထိန်းသိမ်းနိုင်မည်ကို စိုးရိမ်သည်။

သတ္တုတွင်းသည် လျင်မြန်စွာပင် မိုဒိဆန်းတို့ရှိရာ သီးသန့်အခန်းသို့ ရောက်လာသည်။ မိုဒိဆန်းသည် ဖန်ကတ်ထုတ်ကာ သန်း ၄၀ကို ထုတ်ပေးလိုက်လေသည်။ တကယ့်ကို လူချမ်းသာအတိုင်းပင် ထိုပမာဏ အတွက် မျက်တောင်ပင် မခတ်ပေ။

ရှီမာယူယူနှင့် တခြားလူများသည် သတ္တုတွင်းအရှေ့သို့လာကာ ကြည့်ကြလေသည်။ ဒီသတ္တုတွင်းက လူ တစ်ယောက်ရဲ့ အရပ်တစ်ဝက်လောက်ပဲရှိတာကို သန်း ၄၀ပေးရတာလား။ သူတို့အသက်ထက်ပင် တန်ကြေးရှိ သေးသည်။

သို့သော် သူတို့မည်မျှပင် ကြည့်စေကာမူ ထူးခြားမှု တစ်စုံတစ်ရာကို မတွေ့ပေ။

"ဒါက ရှေးဟောင်းပစ္စည်းဆိုတာ သေချာရဲကလား" ရှီမာယူယူ မေးလိုက်သည်။

"မပြောတတ်ဘူး သာမန်ကျောက်တွေနဲ့ ကွာခြားတာမခံစားမိဘူး" ဖက်တီးကျူသည် ခေါင်းကုတ်ရင်း ပြောလေသည်။

"သတ္တုတွင်းဟုတ်တာတော့ မှန်တယ် ဒါပေမဲ့ အထဲမှာ ဝိဥာဉ်ကျောက်ပါတာလား ဘာလားတော့ ငါ မပြောတတ်ဘူး" ရှင်းမို ပြောလေသည်။

ရှီမာယူယူသည် စဉ်းစားတတ်ဆုံးလူဖြစ်သည်။ သူမသည် သတ္တုတွင်းအားကြည့်ကာ ပြောလေသည် "ဒီ သတ္တုတွင်းက ပုံမှန်ပဲဆိုတာတော့ ပြောလို့ရတယ် ဒါပေမဲ့ ရှေးဟောင်းပစ္စည်းဟုတ်ရဲ့လားတော့ မသိဘူး အထဲ က ပစ္စည်းက မဆိုးဘူးလို့တော့ ခံစားမိတယ် ဒါပေမဲ့ သက်ရှိသတ္တဝါဖြစ်နေမလားဆိုတာတော့ မပြောတတ်ဘူး"

မိုဒိဆန်းသည် လျှောက်လာကာ ကျောက်အားထိပြီး ပြောလေသည် "မင်းမပြော တတ်တာကမှ ဖြစ်သင့် တာလေ ကျောက်ရိုင်းတုံးကစပြီး အခုဒီသတ္တုတွင်းက ပုံမှန်ပဲဆိုတာ မင်းပြောနိုင်တာပဲ ဝိဥာဉ်ရှာဖွေသူသခင်တွေ တောင် သာမန်ကျောက်ရိုင်းတုံး အသုံးမဝင်တဲ့ ကျောက်လိုမျိုး ထင်ကြတာပဲ မင်းက ရှာဖွေသူသခင်အဖြစ် ခဏ ပဲလုပ်ရသေးတယ် သာမာန်ကျောက်မဟုတ်တာကို ပြောနိုင်နေပြီ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now