ရင်ခွင်ထဲ မလှုပ်မယှက် နဲ့ နေနေသော လွှားရဲ့ ပါးပြင်လေးကို ဖွဖွပုပ်ရင်း ဝန်း နှိုးနေမိသည်။ လွှား အိပ်ပျော်သွားလို့ မရဘူး ။ လွှား ဘာမှမဖြစ်ရဘူး ။

ဘယ်လို မိုက်မဲမှုမျိုးကို ကျူးလွန်လိုက်တာလဲကွာ ။ ကိုယ့်ကို ချစ်တယ်တဲ့လား ။ ကိုယ့်ကို ကယ်လိုက်လို့ ကိုယ်က ကျေးဇူးမတင်ဘူးနော် ။ လွှား ကို ကိုယ် စိတ်ဆိုးတယ် ။ လွှား မအိပ်လိုက်ပါနဲ့။

.

မျက်လုံးကပြာဝေပြီး ခေါင်းတစ်ခုလုံး ချာချာလည်ကာ အသက်ရှူရတာ မောပန်း ခက်ခဲလာသည်။ တစ်ကိုယ်လုံး နာကျင်နေကျင်နေပြီး အသိစိတ်က ရ တစ်ချက် လွတ်တစ်ချက် ။ အားတင်းကာ တုန်ရီနေသောလက်ဖြင့်  ဖုန်း ကို ယူပြီး နံပါတ် 1 ဆိုတဲ့ ဂဏန်းကို နှိပ်လိုက်သည်။

" တီ....တီ...တီ....လူကြီးမင်း ခေါ်ဆိုနေသော ဖုန်းမှာ သတ်မှတ်ချိန်အတွင်း...."

ဦးခေါင်းထက်ကနေ လိမ့်ဆင်းလာတဲ့ နီပျစ်ပျစ် အရည်တွေ ...

" ဝ... ဝန်း...ငယ် "

သူ နောက်ဆုံး ရွတ်ဆိုလိုက်တဲ့ အမည်နာမလေး က ဝန်း ငယ် ။ ပြီးနောက် အသိစိတ်မဲ့စွာ အမှောင်အတိကျသွားတော့သည်။

တဖက်ထံကနေ တုံ့ပြန်မှု မရတဲ့ ဖုန်း ကို ခေါ်နေတဲ့ ဖုန်း ပိုင်ရှင်လေးက ဖုန်း ရဲ့ ဘေးမှာ ငြိမ်သက်စွာ...။

.

ခွဲစိတ်ခန်းရှေ့တွင် စိုးရိမ်ပူပန်မှုအ​ပြည့်နဲ့ မငြိမ်မသက်ဖြစ်နေသော ကောင်လေးတစ်ယောက်ရဲ့ ခြေထောက်တွေက ယိုင်နဲ့နဲ့။ ရှပ်အင်္ကျီ အဖြူရောင်မှာ သွေးတွေ စွန်းနေတာမလို့ အနည်းငယ်အကျည်းတန်နေသည်။

" ဘာလို့လဲ.. ဘာလို့.. လွှား.. က... "

" လွှား... ဘာမှဖြစ်လို့မရဘူးနော်... တစ်ခုခု လွဲချော်သွားခဲ့ရင်.. ကိုယ်... ကိုယ်.. "

" ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီးတော့... "

ဝန်း ရဲ့ စိတ်တွေက ကယောက်ဂယက်။ အခုချိန်မှာ ဝန်း ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိ ဘယ်ကို တလို့ တ ရမယ်မှန်းလည်း မသိ ။ ခေါင်းထဲမှာ ဗလာနတ္ထိ ။ ဘဝ မှာ ပထမဦးဆုံးအကြိမ် စိတ်ဝိဥာဥ် နဲ့ လူခန္ဓာ ကွဲပြားနေသည်။ သူ အခု သိနေတာက လွှား သူ့ကြောင့် ဒဏ်ရာ ရသွား တယ် ။

When You Find Lost Love AgainHikayelerin yaşadığı yer. Şimdi keşfedin