" အင့် ရွှတ် သတိ အင့် ထား ရ အင့် မှာ ဟင့် ဘာ လို့ အပေါ် အင့် တက် ရွှတ်"
အဆူခံရတာတောင် ဆူနေတဲ့ လူရဲ့ ဆုံးမစကားတွေ ကို လိမ့်ပတ်လည်အောင် မနည်း နားထောင်ယူနေရတဲ့ ဘဝ ။
လှေကားပေါ်က ပြုတ်ကျလာလို့ သတိမထားရကောင်းလားဆိုပြီး မျက်ရည်တွေကြားထဲကနေ တရှုံ့ရှုံ့ လုပ်ရင်း ရန်း ကို ဆူနေတဲ့ ဝန်းငယ် ။
" မငိုပါနဲ့တော့ ကလေးလေးရဲ့ နောက်ဆို သတိထားမယ်လေ နော် "
သူစိတ်ကျေနပ်အောင် မျက်နှာငယ်လေး လုပ်ပြီး အသံလေးကို တိုးဖျော့ကာပြောလိုက်သော်လည်း ကောင်ငယ်လေးက ခေါင်းတရမ်းရမ်းပင်။ ကောင်းနေတဲ့ လက်တစ်ဖက်နဲ့ မျက်ရည်တွေ ကိုသုတ်ပေးတော့ ရန်းလက်ကို တင်းတင်းဆုပ်ကိုင်ကာ သူ့ပါးမှာ အပ်ထားသည်။
" အခု အင့် အခု "
ရောက်လာထဲက အငိုမစဲတဲ့ဝန်းရဲ့ မျက်လုံးလေးတွေသည် နီရဲလို့ပင်နေ နေပြီမလို့ ရန်း စိတ်ပင်ပူလာသည်။
လူနာဖြစ်တဲ့ ရန်း က ရှိုန်းမြင့်မိုရ်ဝန်း ဆိုတဲ့ အငိုသန်လေးကို တဖန်ပြန်အားပေးနေရသည့် အခြေအနေ ။" အင့် ရွှတ် "
ရန်း ဘယ်လို ချော့ချော့ ဝန်းငယ်လေးက အငိုမတိတ်။ တစ်လလောက် အနားယူလိုက်ရင် ကောင်းသွားမှာ လို့ ပြောတော့ တစ်လကြီးတောင် အစ်ကိုက နာနေမှာပေါ့ ဆိုပြီး ငိုပြန်သည်။
" ဘယ် အချိန်ထိ ငိုနေမှာလဲ ဝန်းငယ် "
ချော့မရတဲ့အဆုံး ခြောက်မှရတော့မည်။ ကိုယ့်အသံက အနည်းငယ် တင်းမာသွားတာကြောင့် မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ကာ လူကို ကြည့်လာသည်။
" အင့် "
ဆက်ငိုနေရင် အခြေအနေမဟန်တော့မှန်း သိတော့ ငိုချင်နေတာ အတင်းမြိုသိပ်နေသည်။ ဆုပ်ကိုင်ထားတဲ့ ရန်းရဲ့ လက်ကို ပိုမိုတင်းကြပ်အောင် ဆုပ်ကိုင်လိုက်ပြီး တစ်ချက် တစ်ချက် ရှိုက်သံလေးတွေက အင့်ခနဲ အင့်ခနဲ ထွက်လာသည်။
" တော်ပြီ တိတ်တော့ ငါ သေ သွားတာ မဟုတ်ဘူး "
အသံမာမာ နဲ့ မာန်လိုက်တော့ လူကို
ဂြိုဟ်စောင်းစောင်း အကြည့်တွေနဲ့ ကြည့်လာသည်။