Part - 5

2.5K 277 6
                                    

မျက်လုံးပွင့်လာတာနဲ့ အရင်ဆုံး ဖုန်းကို ယူကာ ကြည့်လိုက်သည်။ထင်သည့်အတိုင်း ဝန်း ဆီက မက်ဆေ့လေးတစ်စောင် ဝင်နေသည်။

" လေယာဥ်ပေါ်တက်ပြီနော်... အစ်ကို အိပ်ရေးပျက်မှာစိုးလို့ ဖုန်းမဆက်တော့ဘူး ရောက်မှဆက်တော့မယ် ချစ်တယ် "

ဆိုတဲ့ အချစ်စာစောင်လေးက ရင်ထဲ
တသိမ့်သိမ့် စီးဝင်သွားသည်။

" Morning ဝန်း အခုမှ နိုးလို့ ရောက်ရင်အေးဆေးနားဦး ချစ်တယ် "

လေယာဥ်စီးနေမယ့် ကောင်လေးကို ဖုန်းမဆက်တော့ဘဲ စာပြန်လိုက်ကာ Facebook ထဲ ဝင်လိုက်သည်။ မနက်ခင်း သတင်းကြည့်ဖို့ရာ ဝင်လိုက်ပင်မယ့် တွေ့လိုက်ရတဲ့ မနက်ခင်းသတင်းတွေက ဝန်း ရဲ့ လေဆိပ်ဆင်းတဲ့ပုံတွေ ။
အဖြူစွတ်စွတ် Hoodie အပွ နဲ့ အနက်ရောင် ဒူးဖုံးဘောင်းဘီ ကို တွဲဖက် ဝတ်ဆင်ကာ အဖြူရောင် ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသည်။ Mask အမဲ တပ်ထားတာကြောင့် မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့်လည်း တော်တော်ကြည့်လို့ကောင်းနေသည်။ ပိုကြည့်ကောင်းနေတာက ကွင်းထိုး Slipper ဖိနပ်ကို စီးထားတာမို့ မြင်နေရတဲ့ ခြေချောင်းရှည်ရှည်လေးတွေ။ ကျောပိုးအိတ်အမဲကို တစ်ဖက်တည်းလွယ်ကာ လမ်းလျှောက်နေပုံက ဘယ်သူမှ မကြွေပဲ မနေနိုင်။

" ဘာလို့ အဲ့လောက်ကြည့်ကောင်းနေရတာလဲ ဝန်း "

မီဒီယာတွေနဲ့ ဝန်း Fan တွေကြောင့် ဝန်းရဲ့ ပုံရိပ်မှန်သမျှကို ရန်း အိမ်မှာထိုင်နေရင်းပင် သိနေရတာမို့ သူတို့ကို ကျေးဇူးတင်ရမည်။

.

ဆိုင်ဖွင့်ချိန်ရောက်ဖို့ တစ်နာရီကျော်လောက် လိုနေသေးတာမို့ အရင်ကတည်းက လုပ်ချင်နေတဲ့ အရာကို အကောင်အထည်ဖော်ရန် ပြင်ဆင်လိုက်သည်။

မနှစ်ကတည်းက ဝယ်ထားတဲ့ ကင်မရာကို နေရာတကျသေချာတပ်ဆင်လိုက်ပြီး ကင်မရာရှေ့မှာ ရပ်လိုက်သည်။ ရန်း ကိုယ်တိုင်ကလည်း သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ ရှပ်အဖြူကို လက်မောင်းထိ ခေါက်တင်လိုက်ပြီး အဖြူရောင်သစ်ခွပန်း အိုးလေးကို ယူလိုက်သည်။ ထို့နောက် အသက်ဝဝရှုသွင်းလိုက်ကာ စတင်လိုက်သည်။

When You Find Lost Love AgainTahanan ng mga kuwento. Tumuklas ngayon