မာသာ၏ပထမစကားကြောင့်ဖြူလုံးလေးအားသနားမိသော်လည်း.......နောက်ပြောလာသည့်စကားကြောင့်စိတ်တိုမိသည်......

ဘာတဲ့.'ဖြူလုံးလေးဆော့မရလို့သူလဲမဆော့ဘူးတဲ့´
ကလေးပဲဆော့တာကအရေးကြီးတာကို....ငယ်ငယ်ရွယ်ရွယ်နဲ့ယွလွန်းတယ်😒

Rio၏အတွေးကိုတော့ထိုကောင်လေးတွေရောဘေးတွင်ရပ်နေသောမာသာရောမကြားနိုင်........။

*****************************************

Sinမိမိအနားရောက်လာသူအားကြည့်မိတော့ဇာတ်လိုက်ဆိုသည့်Rio.....။

မျက်နှာကတော့ဇာတ်လိုက်ဆိုတဲ့ဂုဏ်ပုဒ်နှင့်အညီကြည့်ကောင်းပါသော်လည်း.....စိတ်ဓာတ်ကိုတော့မိမိမကြိုက်ချေ..........။

Sin..ဇာတ်လိုက်ဆိုသူအားခနကြည့်၍အကြည့်ပြန်လွှဲကာကောင်းကင်အားကြည့်နေလိုက်သည်.......။

မူလSinဆိုလျှင်တော့ဇာတ်လိုက်အားသူ့ကိုမွေးစားရန်ကောင်းပြနေမည်ဖြစ်သော်လည်း...မိမိသည်မူလပိုင်ရှင်မဟုတ်.......။

(A/N_ဟိုလေ...သာသာတစ်ခုပြောချင်တာကလေ....ဒီဇာတ်လမ်းထဲမှာJackကိုSinလို့ပဲရေးတော့မယ်နော်...Jackရေးလိုက်..Sinကိုရေးလိုက်ဆို....ဖတ်ရတာလည်သွားမှာဆိုးလို့)

Sin၏ဘေးတွင်ဝင်ထိုင်လိုက်သောRio......ဘေးကJhonကိုတော့သတိထားမိပုံမပေါ်........။

( ဒါနဲ့လေ..သူတို့ထိုင်တဲ့ဒန်းကနှစ်ခုပါနော်...Sinနဲ့Jhonကကလေးဆိုတော့နှစ်ယောက်ထိုင်လို့ရတာပါ...Rioကတော့ဘေးကဒန်းလေးပေါ်မှာထိုင်လိုက်တာပါ..)

ဘေးနားဝင်ထိုင်လိုက်သောRioအားမသိကျိုးကျွန်ပြာထားလိုက်သည်....မူလပိုင်ရှင်ကိုလုပ်သည်ထက်စာရင်မိမိလုပ်သည်ကနည်းနည်းလေးသာ....ဒိလောက်တော့ပညာပြခံသင့်တယ်မဟုတ်လား......။

နောက်ဆုံးမနေနိုင်တော့သည့်ဇာတ်လိုက်ကမိမိအားမိတ်ဆက်လာလေသည်........။

" ကိုကို့နာမည်ကRioပါ..မင်းနာမည်ဘယ်လိုခေါ်လဲ?"

Rio၏စကားကြောင့်စိတ်ထဲတွင်ပြုံးလိုက်သော်လည်းမျက်နှာတွင်တော့ဖော်မပြခဲ့ချေ.......မည်သူသိမှာလဲ...ငါးနှစ်သားအရွယ်ကလေးကယုတ်မာတဲ့စိတ်ဓာတ်ရှိလိမ့်မယ်လို့....

Devil system (Unicode)Donde viven las historias. Descúbrelo ahora