ဟန်မြစ်ကမ်းသည် သူနဲ့ တိမ်ငယ့်ရဲ့ အမှတ်တရတွေအများကြီးရှိခဲ့သည့်နေရာတစ်ခုဖြစ်သည်။

ကောင်းကင်ကို မော့ကြည့်တော့ ပါးပြင်ပေါ်မျက်ရည်တစ်စက်ကျသည်။

မိုးပေါက်တွေပါလို့ သူရူးသွပ်စွာ လိမ်လည်လိုက်သည်။

သူသည် လူလိမ်တစ်ဦးဖြစ်သည်။

တိမ်ငယ့်ကိုရော ကိုယ့်ကိုယ်ကိုရော အမြဲလိုလို လိမ်လည်နေခဲ့သည်။

အိမ်ပေါ်ကဆင်းလာတာကို အဆောင်ကထွက်လာတယ်ဆိုပြီး သူ ပထမဆုံးအကြိမ်လိမ်ညာခဲ့သည်။

တိမ်ငယ့်ကို မုန်းပါသည်ဟုဆိုရင်း ကိုယ့်ကိုယ်ကိုလည်း အကြိမ်ကြိမ်လိမ်ညာနေပြန်သေးသည်။

ဖြူစင်သောလိမ်ညာခြင်းတွေတဲ့။
လိမ်ညာခြင်းကို အရောင်ထပ်ခွဲနေတဲ့ ထိုလူဟာ ရူးများရူးနေသလားလေ။

ဒီကိစ္စတွေ ဖြစ်ရတာ တကယ်တော့ ကြမ္မာစာရေးဆရာဆိုသူကြောင့်။
နမ်ဂျွန်း ထိုလူကို မကျေနပ်ပါ။

ဘယ်နှယ့် သူ မခံစားရတိုင်း လူတွေကို လိုက်လှည့်စားနေတာ။

ဘဝက ဇာတ်လမ်းတစ်ပုဒ်ဆို ထိုလူကတော့ သေချာပေါက် ဗီလိန်ဖြစ်မှာ။

အလကား စောက်ရူး ။

..............
၂၀၁၇ ၏ ဂျူလိုင်သည် မိုးသိပ်ရွာသည်။

တိမ်ငယ့်ရင်ခွင်ထဲ မရမက တိုးဝင်အိပ်ရင်း သူ့နေ့ရက်တွေသည် ဇိမ်ကျနေခဲ့သည်။

" တိမ်ငယ်နဲ့ အတူရှိတိုင်း မောင့်အချိန်တွေရပ်သွားသလိုပဲ "

" အချိန်တွေရပ်သွားတာမဟုတ်ဘူး မောင် နာရီဓာတ်ခဲကုန်သွားတာ မိုးတိတ်ရင် ဓာတ်ခဲထွက်ဝယ်ရဦးမယ် "

" အဲ့လောက်ကြီး လက်တွေ့မဆန်နဲ့လေ မောင့် အချစ်ရယ် "

တိမ်ငယ့်ခါးကို နောက်ကျောကနေ သိမ်းကြုံးဖက်ရင်း ဂုပ်ပိုးလေးကို နမ်းရှုပ်ကာ ဆိုမိသည်။

" ကဗျာတွေ ဝတ္ထုတွေ ရုပ်ရှင်တွေက တကယ့်ဘဝမှမဟုတ်တာမောင် "

" အဲ့လိုတော့ပြောလို့ဘယ်ရမလဲ အဲ့ဇာတ်လမ်းတွေက တကယ့်ဘဝကို အခြေခံထားတာပဲလေ "

တိမ်ငယ်-တိမ္ငယ္(uni>zawgyi)complete Nơi câu chuyện tồn tại. Hãy khám phá bây giờ