"ရတယ် ကျွန်တော်ကမလို...."

Taehyung စကားဆုံးအောင်တောင်မစောင့်ဘဲ နှင်းတောထဲတိုးဝင်ပျောက်ကွယ်သွားတဲ့ထိုလူ့ကျောပြင်ကို ထီးကိုင်ထားရက်ကနေ Taehyung ကြည့်ရင်းကျန်နေခဲ့သည်...

လှည့်ထွက်လာခဲ့တဲ့ Jungkook မျက်နှာမှာပြုံးနေကာ ချစ်စဖွယ်ပုံရိပ်လေးကိုသာတွေးနေခဲ့သည်...အနီးကပ်သေချာလေးမြင်လိုက်ရမှ Baby boo လေးရဲ့မျက်လုံးအောက်ကမှဲ့နက်လေးရော အောက်နှုတ်ခမ်းထောင့်နားပေါ်က မှဲ့နက်လေးရောသေချာမြင်လိုက်ရသည်...

.....မင်းကယောကျာ်းလေးဆိုပေမယ့် ချစ်ဖို့ကောင်းတာနဲ့ချောတာနဲ့ကြားကကွဲထွက်နေတဲ့ အလှတရားလေးပါလား Baby Boo လေးရယ်....

Jungkook ဘူဆန်သို့သွားမယ့် ကားပေါ်တက်လိုက်သည်.... ဘူဆန်အိမ်ကိုတစ်ပတ်လောက်သွားနေပြီးမှ ဆိုးလ်ကိုပြောင်းလာဖို့ဆုံးဖြတ်လိုက်သည်....

....ကိုယ် မင်းအနားလာတော့မယ် Tae...


....................

Yoongi စိတ်ညစ်နေရသည်...Daegu ကိုခနပြန်ခဲ့ဦးလို့လှမ်းခေါ်တဲ့မိဘတွေကြောင့်ပြန်လာခဲ့ရပေမယ့် ကလေးကိုပဲသတိရနေသည် .....အခုလည်းမနက်စာထမင်းဝိုင်းမှာ Yoongi ကိုလက်ထပ်ဖို့ပြောနေကြလေသည်...

"နောက်တစ်ပတ်အဲ့ဒီကလေးကို Seoul လွှတ်လိုက်မယ် မင်းအိမ်မှာနေရင်း သင်တန်းတက်လိမ့်မယ်"

"ကျွန်တော့်အိမ်မှာခေါ်ထားရမှာလား...အဓိပ္ပါယ်မရှိဘူး ဖေဖေ..."

"ဘာလို့မရှိရမှာလည်း Mr.Park ရဲ့သားပဲလေ..တစ်ချိန်မင်းလက်ထပ်ရမယ့် ကောင်လေးပဲ"

"ကျွန်တော့်မှာချစ်သူရှိတယ်...Park Jimin ကိုလက်မထပ်နိုင်ဘူး...."

Yoongi နဲ့ဖေဖေနဲ့အချေအတင်ပြောနေတာကို တစ်ခွန်းမှဝင်မပြောတဲ့မေမေ...Yoongi ဆီကချစ်သူရှိတယ်ဆိုတဲ့စကားကြောင့် မေမေကသောက်လက်စကော်ဖီခွက်ကိုချလိုက်ရင်း....

"မင်းဆိုင်မှာအလုပ်လုပ်တဲ့ Kim Taehyung ဆိုတဲ့ ဆင်းရဲနုံချာတဲ့ကောင်လေးလား..."

"မေမေ..."

Yoongi မေမေ့ကိုအော်လိုက်မိသည်...ကလေးကိုနှိမ်သလိုပြောနေတာတွေကိုသူမကြိုက်...ဆင်းရဲတာဘာမှားလို့လဲ...လူဆိုတာဖြူစင်ရိုးသားတဲ့စိတ်ဓာတ်လေးကသာအဓိက...သူ့ကလေးလေးဘယ်လောက်ဖြူစင်ရိုးသားလည်းသူအသိဆုံးပင်....

"အထွန့်မတက်နဲ့ Min Yoongi...မိဘကလက်နဲ့ရေးထားတာကို ခြေနဲ့မဖျက်နဲ့ ..မဟုတ်ရင် မင်းချစ်သူဆိုတဲ့အဲ့ဒီကောင်လေးကို ဒုက္ခရောက်အောင်လုပ်ပစ်မယ်..."

"ဖေဖေတို့ကမတရားဘူး...ကျွန်တော့်ဘက်လည်းကြည့်ပေးကြပါဦး..."

"ဒီမယ် သား....အိမ်ထောင်တစ်ခုမှာငွေကလိုအပ်တယ်...အချစ်လားကိစ္စမရှိဘူး ..လက်ထပ်ပြီးအတူနေတာကြာရင်ချစ်သွားလိမ့်မယ်...Mr.Park ရဲ့သားJimin လေးကလည်းရည်ရည်မွန်မွန်လေးရယ်...အချိန်ကြာလာရင် သားသူ့ကိုချစ်သွားမှာ...မေမေတို့ကိုပဲကြည့် သားဖေဖေနဲ့ယူတာ မိဘသဘောတူလို့ယူခဲ့ကြတာ...ကြာလာတော့တစ်ယောက်နဲ့တစ်ယောက်ချစ်သွားတာပဲ..."

Yoongi စိတ်ရှုတ်စွာခေါင်းခါရမ်းမိသည် ....

"မတူဘူးလေ မေမေရာ..."

"အို မသိဘူး...Jimin လေးမင်းအိမ်မှာလာနေလိမ့်မယ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးလိုက်...Mr.Park ဆီမှာ မင်းဖေဖေအရှက်မရစေနဲ့....စကားနားထောင်စမ်းပါသားရယ်...မင်းအမြဲတမ်းမိဘကိုစိတ်ချမ်းသာစေခဲ့တာပဲ....ဒီကိစ္စလည်းမေမေတို့ကိုစိတ်ချမ်းသာအောင်လုပ်ပေးတယ်လို့ပဲစဉ်းစားလို့မဖြစ်ဘူးလား..."

Yoongi မိသားစုထမင်းဝိုင်းကနေထရပ်လိုက်သည်...အခုထိမျက်နှာထားတင်းမာနေတဲ့ဖေဖေက Yoongi ကိုမကြည့်ဘဲ...

"ချစ်သူမထားနဲ့မပြောဘူး...ထားပါ..ဒါပေမယ့် အချိန်တန်ရင် Park Jimin ကိုပဲလက်ထပ်ရမယ်ဆိုတာသိထားလိုက်...မင်းကလန်ကဆန်လုပ်ပြီး သူ့အပေါ်ကောင်းကောင်းမွန်မွန်မဆက်ဆံပေးရင် မင်းကောင်လေးဒုက္ခရောက်ပြီသာမှတ်ထား"

Seoul အပြန်လမ်းမှာ Yoongi မျက်နှာသုန်မှုန်နေခဲ့သည်....ကလေးကိုသူ့ကြောင့်ဒုက္ခမရောက်စေချင်ဘူး...သာယာနေတဲ့ကလေးဘဝလေးကိုသူဘယ်လိုလက်နဲ့ဖျက်ဆီးရက်မှာလဲ...Yoongi ခေါင်းထဲအကြံတစ်ခုပေါ်လာခဲ့သည်...Park Jimin နဲ့ညှိနှိုင်းရမယ်...အကယ်၍ ဒီမင်္ဂလာပွဲကို Park Jimin ဘက်ကငြင်းတာနဲ့ပွဲသိမ်းပဲ....

Yoongi ကိုယ့်အတွေးနဲ့ကိုယ် စိတ်သက်သာရကာ ပြုံးနေမိသည်...အခုတော့ ကားလေးမောင်းရင်း ကလေးကိုအမြန်တွေ့ဖို့သာစိတ်လောနေတော့သည်...လွမ်းနေရပြီမဟုတ်လား....

💜 The Last Lover 💜 (Completed)Where stories live. Discover now