Taehyung အများကြီးတွေးမနေပဲကားပေါ်ကနေဆင်းခဲ့လိုက်သည်...နှင်းတွေတဖွဲဖွဲကျကာ ခိုက်ခိုက်တုန်အောင်ချမ်းနေတာကြောင့် ဝတ်လာတဲ့ Hoddie ခေါင်းစွပ်ကိုဆောင်းလိုက်သည်....ကားမှတ်တိုင်နဲ့ကျောင်းကလမ်းလျှောက်ရဦးမှာမလို့ သေချာစီးမလာတဲ့ဖိနပ်ကိုကြိုးချည်နေရင်း Taehyung ကိုယ်ပေါ်ကျလာတဲ့နှင်းစက်တွေရပ်တန့်သွားသည်...

Taehyung ရှေ့ကို နက်မှောင်ပြောင်လက်နေတဲ့ဘွတ်ခြေနင်းထူထူကြီးကိုစီးထားတဲ့ခြေတစ်စုံကလာရပ်သည် ...Taehyung ကြိုးချည်ရက်သားနဲ့မော့ကြည့်မိတော့ ထိုလူက Bus ကားပေါ်ကလူ... Taehyung ကိုယ်လေးကိုလုံအောင်ဆောင်းပေးထားတဲ့ထီးကြောင့် ထိုသူ့ရဲ့ပုခုံးပေါ်နှင်းစက်တွေတဖွဲဖွဲကျနေတာမြင်ရသည်...

"ဟို ကားပေါ်မှာ မှီခိုင်းလို့ကျေးဇူးတင်ပါတယ်..."

Taehyung မက်တပ်ရပ်လိုက်တော့ ထိုလူနဲ့သူ့အရပ်ကမတိမ်းမယိမ်းရှိကာ ထိုလူကအနည်းငယ်ပိုမြင့်သည်...ထီးတစ်ချောင်းအောက်မှာ ယောကျာ်းလေးနှစ်ယောက်ရပ်နေတာ ကဗျာမဆန်လှသော်လည်း ဒီအခြေအနေကိုကျေနပ်နေပုံရတဲ့ထိုလူ့အပြုံးတွေကို Taehyung နားမလည်....

"မလိုပါဘူး Tae ..."

"Tae ...Tae ဟုတ်လား ခင်ဗျားကကျွန်တော့်ကိုသိလို့လား"

ထိုလူက Taehyung ရင်ဘတ်က Name Card လေးကိုလက်ညိုးထိုးပြလိုက်ရင်း....

"Kim Taehyung လို့ရေးထားတယ်လေ"

Taehyung ဘာမှမပြောတော့...ရှိပါစေတော့...

"ခင်ဗျားလည်းကျောင်းထဲသွားမလို့လား"

"မဟုတ်ဘူး...ဒီဘက်ခနသွားစရာရှိလို့..."

"အော် ဒါဆိုကောင်းကောင်းသွားပါ..."

Taehyung ထိုလူ့ကိုနှုတ်ဆက်ပြီးလှည့်ထွက်မလို့ပြင်တော့ Taehyung လက်ကောက်ဝတ်လေးကသန်မာတဲ့လက်တစ်ဖက်နဲ့ဆွဲခြင်းခံလိုက်ရသည် ...Taehyung အံ့သြကာထိုလူ့ကိုကြည့်မိတော့ မျက်လုံးဝိုင်းတွေနဲ့ဆုံသည် ....ထိုလူလည်းသူ့လိုမျက်လုံးဝိုင်းတွေကိုပိုင်ဆိုင်ထားတာပဲ...

Taehyung လက်ထဲကို ထီးထည့်ပေးရင်း...

"ထီးယူသွား နှင်းတွေတအားကျနေတာပဲ..."

💜 The Last Lover 💜 (Completed)Where stories live. Discover now