ပခုံးပေါ်မှီကျလာတဲ့ခေါင်းလေးကြောင့် Jungkook အသက်တောင်ပြင်းပြင်းမရှူရဲပေ...နီးကပ်နေသောခေါင်းလုံးလေးဆီက မွှေးပျံ့ပျံ့ရှန်ပူနံ့လေးက Paris က Lavender နံ့တွေထက်မွှေးလေသည်...

မနက်အစောကြီးကရင်း ကောင်လေးတို့အိမ်ခပ်လှမ်းလှမ်းကမီးတိုင်နားမှာလာစောင့်နေခဲ့တာဖြစ်သည်...ကောင်လေးမေမေဆီကနေ အသီးလာလာဝယ်တဲ့ Jungkook ကိုဈေးထွက်လာတဲ့ကောင်လေးမေမေကမှတ်မိသွားတာကြောင့် Jungkook ပျော်သွားကာ အန်တီနဲ့စကားတွေပြောရင်းဈေးထိလိုက်ပို့မိသေးသည်...

Jungkook ခေါင်းလုံးလေးကိုပြုံးကြည့်နေရင်း အကျီပေါ်က နာမည်ကဒ်လေးကိုဖတ်လိုက်မိသည်...Kim Taehyung တဲ့...နာမည်လေးကချစ်စရာလေး...Jungkook ပုခုံးပေါ်မှာစိတ်ချလက်ချအိပ်နေတဲ့ ကောင်လေးရဲ့ပါးပြင်ဖောင်းဖောင်းလေးကဝင်းမွတ်နေလေသည်...အနီးကပ်မြင်နေရတဲ့ကောင်လေးရဲ့မျက်နှာလေးကိုအသေးစိတ်ကြည့်ရှုနေမိသည်...

ပါးပြင်လယ်ကမှဲ့နက်လေးရယ် နှာတံထိပ်ကမှဲ့နက်လေးရယ်ကထင်းနေလေသည်...မျက်တောင်လေးတွေကထူထူစိပ်စိပ်နဲ့ရှည်လျားနေကာ မျက်လုံးပိတ်ထားတာကြောင့် သေချာကိုမြင်နေရသည်....နှုတ်ခမ်းရဲရဲလေးက ကကြီးပုံသဏ္ဍာန်လေးနဲ့သေသပ်စွာရှိနေသေးသည်...

Jungkook သေချာငေးကြည့်နေရင်း ရင်ဘတ်ထဲကနှလုံးသားကအဆမတန်ခုန်ပေါက်လာခဲ့သည်...အပြင်မှာကျနေတဲ့နှင်းတွေလိုပဲ သူချစ်ရတဲ့ကောင်လေးဟာဖြူစင်သည်....ကောင်လေးက ဝက်ဝံပေါက်လေးနဲ့တူသည်...Jungkook ကောင်လေးအတွက်သီးသန့်ခေါ်ချင်တဲ့နာမ်စားလေးကို ခပ်တိုးတိုးလေးခေါ်မိသည်...

...Baby boo...

Bus ကတုံ့ခနဲရပ်သွားတာနဲ့ Taehyung နိုးလာခဲ့သည်....အခြားသူရဲ့ပုခုံးပေါ်ခေါင်းမှီထားမိတာကြောင့်အားနာသွားရသည်...ထိုလူ့ကိုကြည့်မိတော့ ဦးထုပ်အနက်ရောင်ခပ်ဝိုင်းဝိုင်းကိုမျက်လုံးတွေအုပ်တဲ့အထိဆောင်းထားကာထိုင်ခုံခေါင်းမှီပေါ်မှီချကာအိပ်နေဟန်ရှိသည်...တစ်ကိုယ်လုံးအနက်ဝတ်ထားတဲ့ထိုလူကို Taehyung သေချာလေးကြည့်နေမိသည်...Taehyung သတိထားမိဆုံးက ထိုလူ့လက်ခုံက Tattoo တွေပဲဖြစ်သည်...

💜 The Last Lover 💜 (Completed)Where stories live. Discover now