Yoongi မိသားစုထမင်းဝိုင်းကနေထရပ်လိုက်သည်...အခုထိမျက်နှာထားတင်းမာနေတဲ့ဖေဖေက Yoongi ကိုမကြည့်ဘဲ...

"ချစ်သူမထားနဲ့မပြောဘူး...ထားပါ..ဒါပေမယ့် အချိန်တန်ရင် Park Jimin ကိုပဲလက်ထပ်ရမယ်ဆိုတာသိထားလိုက်...မင်းကလန်ကဆန်လုပ်ပြီး သူ့အပေါ်ကောင်းကောင်းမွန်မွန်မဆက်ဆံပေးရင် မင်းကောင်လေးဒုက္ခရောက်ပြီသာမှတ်ထား"

Seoul အပြန်လမ်းမှာ Yoongi မျက်နှာသုန်မှုန်နေခဲ့သည်....ကလေးကိုသူ့ကြောင့်ဒုက္ခမရောက်စေချင်ဘူး...သာယာနေတဲ့ကလေးဘဝလေးကိုသူဘယ်လိုလက်နဲ့ဖျက်ဆီးရက်မှာလဲ...Yoongi ခေါင်းထဲအကြံတစ်ခုပေါ်လာခဲ့သည်...Park Jimin နဲ့ညှိနှိုင်းရမယ်...အကယ်၍ ဒီမင်္ဂလာပွဲကို Park Jimin ဘက်ကငြင်းတာနဲ့ပွဲသိမ်းပဲ....

Yoongi ကိုယ့်အတွေးနဲ့ကိုယ် စိတ်သက်သာရကာ ပြုံးနေမိသည်...အခုတော့ ကားလေးမောင်းရင်း ကလေးကိုအမြန်တွေ့ဖို့သာစိတ်လောနေတော့သည်...လွမ်းနေရပြီမဟုတ်လား....






Unicode.....




Taehyung နှင်းတွေကျနေတဲ့နေ့မလို့ ကျောင်းသွားရတာစိတ်မပါပေ...ဒီလိုအချိန်မျိုးဆိုအိပ်ရာထဲမှာသာအိပ်နေချင်မိသည်...အလုပ်ကလည်းရှိသေးတာကြောင့်မသွားလို့လည်းမဖြစ်...စက်ဘီးမယူတော့ဘဲ ဘတ်စ်ကားနဲ့ပဲကျောင်းသွားမိသည်...

အပြင်မှာပိုအေးတာမလို့ လက်အိတ်ဝတ်ထားတဲ့လက်လေးနှစ်ဖက်ကိုပူးပြီးပွတ်တိုက်ရင်းအအေးဒဏ်ကိုအံတုနေမိသည်....Yoongi Hyg က Daegu ကမိဘအိမ်ခနပြန်သွားတာမလို့ Taehyung ကို ph ဆက်ကာကျောင်းမသွားဖို့ပြောလာခဲ့သည်...သို့ပေမယ့် Cafe မှာ Yoongi Hyg မရှိတာကြောင့် Taehyung လည်းအလုပ်မလာတာဟုအထင်မခံရအောင် နေမှဖြစ်မည်...

ဘယ်လိုပဲဆိုင်မှာမသိသာအောင်နေပါစေ Taehyung ကိုဆိုသဲသဲလှုပ်တဲ့ Yoongi Hyg ကြောင့်တစ်ချို့တွေကရိပ်မိနေပြီဖြစ်သည်...ထို့ကြောင့် အနေအထိုင်ဆင်ခြင်ရမည်ဖြစ်သည်..

Taehyung တွေးနေရင်းကားမှန်ကနေတစ်ဆင့်ပတ်ဝန်းကျင်ကိုကြည့်မိတော့ နှင်းတွေတဖွဲဖွဲကျနေတာက ပိုဆိုးလာသလိုပင်...ကျောင်းရောက်ဖို့အဝေးကြီးလိုသေးတာမလို့ Taehyung အိပ်ဖို့ပြင်လိုက်ကာ မျက်လုံးတွေကိုမှိတ်ထားမိသည်...တစ်ဖြည်းဖြည်း Taehyung မျက်ခွံတွေလေးလံလာကာ မဖွင့်ချင်လောက်အောင်ကိုမှိတ်ကျသွားတော့သည်....

💜 The Last Lover 💜 (Completed)Where stories live. Discover now