"မလိုပါဘူး Tae ..."

"Tae ...Tae ဟုတ်လား ခင်ဗျားကကျွန်တော့်ကိုသိလို့လား"

ထိုလူက Taehyung ရင်ဘတ်က Name Card လေးကိုလက်ညိုးထိုးပြလိုက်ရင်း....

"Kim Taehyung လို့ရေးထားတယ်လေ"

Taehyung ဘာမှမပြောတော့...ရှိပါစေတော့...

"ခင်ဗျားလည်းကျောင်းထဲသွားမလို့လား"

"မဟုတ်ဘူး...ဒီဘက်ခနသွားစရာရှိလို့..."

"အော် ဒါဆိုကောင်းကောင်းသွားပါ..."

Taehyung ထိုလူ့ကိုနှုတ်ဆက်ပြီးလှည့်ထွက်မလို့ပြင်တော့ Taehyung လက်ကောက်ဝတ်လေးကသန်မာတဲ့လက်တစ်ဖက်နဲ့ဆွဲခြင်းခံလိုက်ရသည် ...Taehyung အံ့သြကာထိုလူ့ကိုကြည့်မိတော့ မျက်လုံးဝိုင်းတွေနဲ့ဆုံသည် ....ထိုလူလည်းသူ့လိုမျက်လုံးဝိုင်းတွေကိုပိုင်ဆိုင်ထားတာပဲ...

Taehyung လက်ထဲကို ထီးထည့်ပေးရင်း...

"ထီးယူသွား နှင်းတွေတအားကျနေတာပဲ..."

"ရတယ် ကျွန်တော်ကမလို...."

Taehyung စကားဆုံးအောင်တောင်မစောင့်ဘဲ နှင်းတောထဲတိုးဝင်ပျောက်ကွယ်သွားတဲ့ထိုလူ့ကျောပြင်ကို ထီးကိုင်ထားရက်ကနေ Taehyung ကြည့်ရင်းကျန်နေခဲ့သည်...

လှည့်ထွက်လာခဲ့တဲ့ Jungkook မျက်နှာမှာပြုံးနေကာ ချစ်စဖွယ်ပုံရိပ်လေးကိုသာတွေးနေခဲ့သည်...အနီးကပ်သေချာလေးမြင်လိုက်ရမှ Baby boo လေးရဲ့မျက်လုံးအောက်ကမှဲ့နက်လေးရော အောက်နှုတ်ခမ်းထောင့်နားပေါ်က မှဲ့နက်လေးရောသေချာမြင်လိုက်ရသည်...

.....မင်းကယောကျာ်းလေးဆိုပေမယ့် ချစ်ဖို့ကောင်းတာနဲ့ချောတာနဲ့ကြားကကွဲထွက်နေတဲ့ အလှတရားလေးပါလား Baby Boo လေးရယ်....

Jungkook ဘူဆန်သို့သွားမယ့် ကားပေါ်တက်လိုက်သည်.... ဘူဆန်အိမ်ကိုတစ်ပတ်လောက်သွားနေပြီးမှ ဆိုးလ်ကိုပြောင်းလာဖို့ဆုံးဖြတ်လိုက်သည်....

....ကိုယ် မင်းအနားလာတော့မယ် Tae...


....................

Yoongi စိတ်ညစ်နေရသည်...Daegu ကိုခနပြန်ခဲ့ဦးလို့လှမ်းခေါ်တဲ့မိဘတွေကြောင့်ပြန်လာခဲ့ရပေမယ့် ကလေးကိုပဲသတိရနေသည် .....အခုလည်းမနက်စာထမင်းဝိုင်းမှာ Yoongi ကိုလက်ထပ်ဖို့ပြောနေကြလေသည်...

💜 The Last Lover 💜 (Completed)Where stories live. Discover now