ပါးပြင်လယ်ကမှဲ့နက်လေးရယ် နှာတံထိပ်ကမှဲ့နက်လေးရယ်ကထင်းနေလေသည်...မျက်တောင်လေးတွေကထူထူစိပ်စိပ်နဲ့ရှည်လျားနေကာ မျက်လုံးပိတ်ထားတာကြောင့် သေချာကိုမြင်နေရသည်....နှုတ်ခမ်းရဲရဲလေးက ကကြီးပုံသဏ္ဍာန်လေးနဲ့သေသပ်စွာရှိနေသေးသည်...
Jungkook သေချာငေးကြည့်နေရင်း ရင်ဘတ်ထဲကနှလုံးသားကအဆမတန်ခုန်ပေါက်လာခဲ့သည်...အပြင်မှာကျနေတဲ့နှင်းတွေလိုပဲ သူချစ်ရတဲ့ကောင်လေးဟာဖြူစင်သည်....ကောင်လေးက ဝက်ဝံပေါက်လေးနဲ့တူသည်...Jungkook ကောင်လေးအတွက်သီးသန့်ခေါ်ချင်တဲ့နာမ်စားလေးကို ခပ်တိုးတိုးလေးခေါ်မိသည်...
...Baby boo...
Bus ကတုံ့ခနဲရပ်သွားတာနဲ့ Taehyung နိုးလာခဲ့သည်....အခြားသူရဲ့ပုခုံးပေါ်ခေါင်းမှီထားမိတာကြောင့်အားနာသွားရသည်...ထိုလူ့ကိုကြည့်မိတော့ ဦးထုပ်အနက်ရောင်ခပ်ဝိုင်းဝိုင်းကိုမျက်လုံးတွေအုပ်တဲ့အထိဆောင်းထားကာထိုင်ခုံခေါင်းမှီပေါ်မှီချကာအိပ်နေဟန်ရှိသည်...တစ်ကိုယ်လုံးအနက်ဝတ်ထားတဲ့ထိုလူကို Taehyung သေချာလေးကြည့်နေမိသည်...Taehyung သတိထားမိဆုံးက ထိုလူ့လက်ခုံက Tattoo တွေပဲဖြစ်သည်...
Taehyung အများကြီးတွေးမနေပဲကားပေါ်ကနေဆင်းခဲ့လိုက်သည်...နှင်းတွေတဖွဲဖွဲကျကာ ခိုက်ခိုက်တုန်အောင်ချမ်းနေတာကြောင့် ဝတ်လာတဲ့ Hoddie ခေါင်းစွပ်ကိုဆောင်းလိုက်သည်....ကားမှတ်တိုင်နဲ့ကျောင်းကလမ်းလျှောက်ရဦးမှာမလို့ သေချာစီးမလာတဲ့ဖိနပ်ကိုကြိုးချည်နေရင်း Taehyung ကိုယ်ပေါ်ကျလာတဲ့နှင်းစက်တွေရပ်တန့်သွားသည်...
Taehyung ရှေ့ကို နက်မှောင်ပြောင်လက်နေတဲ့ဘွတ်ခြေနင်းထူထူကြီးကိုစီးထားတဲ့ခြေတစ်စုံကလာရပ်သည် ...Taehyung ကြိုးချည်ရက်သားနဲ့မော့ကြည့်မိတော့ ထိုလူက Bus ကားပေါ်ကလူ... Taehyung ကိုယ်လေးကိုလုံအောင်ဆောင်းပေးထားတဲ့ထီးကြောင့် ထိုသူ့ရဲ့ပုခုံးပေါ်နှင်းစက်တွေတဖွဲဖွဲကျနေတာမြင်ရသည်...
"ဟို ကားပေါ်မှာ မှီခိုင်းလို့ကျေးဇူးတင်ပါတယ်..."
Taehyung မက်တပ်ရပ်လိုက်တော့ ထိုလူနဲ့သူ့အရပ်ကမတိမ်းမယိမ်းရှိကာ ထိုလူကအနည်းငယ်ပိုမြင့်သည်...ထီးတစ်ချောင်းအောက်မှာ ယောကျာ်းလေးနှစ်ယောက်ရပ်နေတာ ကဗျာမဆန်လှသော်လည်း ဒီအခြေအနေကိုကျေနပ်နေပုံရတဲ့ထိုလူ့အပြုံးတွေကို Taehyung နားမလည်....
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...
Part-12
Start from the beginning
