(AN ဒီနေရာလေးမှာက ကျစ်ရှုဟာ အခြားသူအတွက်သူ့ဘာသာ နာကျင်အောင်လုပ်နေတာကို ဆိုလိုတာပါ)

ဆေးသွင်းပြီးချိန်တွင် အိုက်ကျိယွီသည် ဟယ်ကျစ်ရှုအားသူ၏ရုံးခန်းတွင်အနားယူရန် ခေါ်သွားခဲ့သည်။

!ကိုယ်မင်းကိူ ဆေးစာလဲရေးပေးမယ်!

ဟယ်ကျစ်ရှုသည် အလွန်ပင်အားနည်းနေပြီး
ချက်ခြင်းပြန်ဖို့လဲမဖြစ်တာမို့ အိုက်ကျိယွီ၏ စကားအားနားထောင်ရင်း ရုံးခန်းသို့ လိုက်လာခဲ့လေသည်။ရုံးခန်းထဲသိူ့အရောက်တွင်
တွေ့လိုက်ရသည်ကားအညိုရောင် ဒေါက်တာအိုက်၏ ကုတ်အကျီ အစားကတ္တီပါ စောင်ထူထူလေးတထည်ကအရံသင့်ရှိနေသည်မို့
သူအံ့သြ သွားခဲ့သည်။

!ခဏလဲ ပြီး အနားယူလိုက်နော်
ကိုယ်လူနာတချို့နဲ့တွေ့ဖို့ရှိလို့!

အိုက်ကျိယွီသည် များစွာစဉ်းစားမနေတော့ဘဲကျစ်ရှုအား အိပ်ရာပေါ်တွင်လှဲစေလိုက်ပြီး
စောင်လေးအားလွှမ်းခြုံပေးလိုက်လေသည်။
ထိုအခိုက်အတန့်လေးသည် အိုက်ကျိယွီ၏
အတွေးထဲတွင်မူ ချိုမြိန်နေလျက်သူနှင့်ဟယ်ကျစ်ရှုကြားထဲရှိ လေထုလေးကသည်ပင်
ပြင်းရှရှနှင့် ပင် ပျော့ပြောင်းညင်သာလျက်
ရှိနေသည်ပင်။

ဟယ်ကျစ်ရှုသည် ရုတ်တရက် ဝမ်းနည်းသွားသလို ခံစားနေရလျက် ပါးပြင်ပေါ်သို့ကျဆင်းလုနီးနီးမျက်ရည်စတို့အားမျက်တောင်အနည်းငယ်ခတ်၍သိမ်းလိုက်ရင်းနေရောင်ခြည် အနည်းငယ်ကျရောက်
နေသောသူ့မျက်နှာအား အပြာရောင်ကတ္တီပါစောင်လေးထဲတွင် နှစ်မြုပ်ကာဖုံးကွယ်လိုက်မိသည်။

သို့သော် ဘာအကြောင်းကြောင့်
သူရုတ်တရက် ဝမ်းနည်းလာခဲ့သည်ကိုတော့
သူမသိပါချေ။ အချိန်အတော်ကြာ
တစ်ဦးတည်း ဆင်းရဲဒုက္ခများခံစားခဲ့ရသောသူတစ်ဦးသည်အခြားသူများက
သူ့အပေါ် ဆိုးဝါးစွာဆက်ဆံမည်
ဆိုပါက ထိုသူသည် ကြောက်ရွံ့လိမ့်မည် မဟုတ်ပါ။သို့သော် ကောင်းမွန်စွာဆက်ဆံလာမည် ဆိုပါက သူကြောက်ရွံ့မိလာမည်မှာ
အမှန်ပင်ဖြစ်သည်။အဘယ့်ကြောင့် မူကား
သူ့အပေါ်ကောင်းမွန်ပေးသူအားသူ့ဖက်မှဘာမှပြန်၍ပေးဆပ်စရာရှိမနေသောကြောင့်ဖြစ်သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now