ကျန်းဝမ်ရွှီ၏ ခံယူထားချက်က ရှင်းသည်။
သူ့စကားအားမနာခံလျှင် သူ့ဘေးက
သူများအား သူအချိန်မရွေး
စွန့်လွှတ်ပစ်မည့်လူစားမျိုးဖြစ်သည်။
သို့သော် ကျန်းဝမ်ရွှီသည် ကျစ်ရှုကိုတော့မူ
ဤနည်းဖြင့်ဆက်ဆံနိုင်မည်မဟုတ်ပါ။
ကျန်းဝမ်ရွီ သည် ကျစ်ရှုအားငြီးငွေ့သည်မှန်သော်လည်းသူနှင့်အတူ ဘဝတစ်လျှောက်လုံး အေးတူပူမျှ အဖော်ပြုပေးခဲ့သော
ကျစ်ရှုနေရာတွင် အခြားတစ်ယောက်အား ဘယ်သောအခါမှအစားထိုးလို့
မရနိုင်သည်မှာ သေချာနေခဲ့သည်။

ကျန်းဝမ်ရွီ သည် ယခုအချိန်တွင်အဘယ့်ကြောင့်ဟုနားမလည်သော်လည်း ၎င်းကို အနှေးနှင့်အမြန်နားလည်လာပေလိမ့်မည်ပင်။

လောကသဘာဝကြီးတွင် လူတိူ့သည် ပစ္စည်းတစ်ခုအားသိူ့မဟုတ် လူတစ်ဦးအားပိုင်ဆိုင်လိုက်ရပြီဆိုပါလျှင် ထိုအရာအား သူတို့အပိုင်ဟု ယူဆကြပြီးအမြဲတမ်းယုံကြည်စိတ်ချစွာနေလေ့ရှိကြသည်။မိမိပိုင်ဆိုင်ထားသောအရာလေးအားသတိတရရှိပေမည် ပြုပြင်မွန်းမံပေးမည် သို့တည်းမဟုတ်
နွေးထွေးပေးရမည်ဟု သူတို့၏ကိုယ်ပိုင်မသိစိတ်ကလည်းသိနေခဲ့ကြပေသည်။
သို့သော် မိမိပိုင်ဆိုင်နေသည့်အတွက်
မလိုအပ်ဘူး အများကြီးအရေးတယူ
ရှိစရာမလိုဘူးဟုထင်မှတ်မှားတတ်ကြသည်။ သို့ပေမယ့်သက်မဲ့အရာ ဝတ္တုတို့သည်
ဘာအရေးအရာမှ ရှိလာမည်မဟုတ်သော်လည်း လူတိူ့၏ စိတ်နှလုံးကမူပြောင်းလဲမှုအများဆုံးဖြစ်တတ်ကြလေသည်။အထူးသဖြင့် ဟယ်ကျစ်ရှုက
ဆက်ပြီး မထိန်းချုပ်နိုင်တော့ပါလျှင်...။

ကျန်းဝမ်ရွီ သည် မာဖလာပတ်ရခြင်းကို
နှစ်သက်သူမဟုတ်ပါချေ။ သို့သော်
ဟယ်ကျစ်ရှုက ကျန်းအား အအေးမိမည်ကိုစိုးရိမ်သောကြောင့်လည်ပင်းတွင်
မာဖလာတစ်ထည်ပတ်ပေးလိုက်လေသည်။ကျန်းဝမ်ရွှီသည် လည်ပင်းရှိမာဖလာလေးအား ကိုင်ကြည့်ရင်းသဘောကျနေပြီး
ကျစ်ရှုအားပြုံးလျက်ကြည့်ပြီး

!မင်းက ငါ့အပေါ်အမြဲတမ်း
နားလည်ပေးနိုင်တဲ့ဇနီးကောင်း
ငါ့အပေါ်မိခင်တစ်ယောက်လိုလဲ
ချစ်ပေးနိုင်တယ်!

ဟုပြောလာလေသည်။

ဟယ်ကျစ်ရှု သည် ကျန်းဝမ်ရွီ အားပြန်ပြုံးပြလိုက်သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now