"Yoongi Hyg...."

Taehyung အံ့သြကာခေါ်မိတော့ Yoongi Hyg က Taehyung ပုခုံးလေးကိုလက်တင်လိုက်ရင်း...

"ကလေး....ကိုယ်နဲ့အတူ သော့ချိတ်ပြီးဆုတောင်းရအောင်..."

"အဲ့တာက စုံတွဲတွေမှလုပ်ရမှာလေ...Yoongi Hyg နဲ့ကျွန်တော်က..."

"ကလေးကို ကိုယ်ချစ်တယ်..."

"ဟင်...."

"ဟုတ်တယ်...ကိုယ်နဲ့တွဲရအောင် Taehyung..."

Yoongi Hyg က Taehyug မျက်လုံးတွေထဲထိစိုက်ကြည့်ကာ ပြောလာခဲ့သည် ...Taehyung လည်းရုတ်တရက်ချစ်ရေးဆိုခံရတာမလို့ ဘာလုပ်ရမှန်းမသိတော့....ပြီးတော့ တစ်ယောက်သောသူကိုသတိရမိသည် ...အဲ့ဒီလူနဲ့ပတ်သတ်တဲ့ဒဏ်ရာက အနာမကျက်ချင်သေးပေ...ဒါပေမယ့် Yoongi Hyg ကိုရွေးချယ်ရင် ထိုလူ့ကိုမေ့လို့ရမယ်လို့ထင်နေမိသည်...

Yoongi တွေဝေနေတဲ့ကလေးမျက်နှာလေးကိုကြည့်ရင်း စိုးရိမ်မိသည်...စတွေ့ကတည်းကချစ်ခဲ့ရတဲ့ ကလေးလေးမလို့ သူ့အချစ်တွေကိုမငြင်းစေချင်...သူကလေးကိုချစ်တယ်ဆိုတာ စိတ်ကစားတာမဟုတ်...တစ်ဘဝလုံးအတွက်ရည်ရွယ်ပါသည် ....ကလေးကိုအမြဲသူ့ဘေးနားထားပြီး ချစ်ရတဲ့အပြုံးလေးတွေကိုအသက်ဝင်အောင်ဖန်တီးပေးချင်သည်...

"မငြင်းပါနဲ့လားကလေးရယ်...ကိုယ်ကလေးကို စတွေ့ကတည်းကချစ်ခဲ့တာပါ....ကလေးချက်ချင်းအဖြေမပေးနိုင်ရင်သေချာစဉ်းစားပါဦး...ကိုယ့်ချစ်ခြင်းတွေကြောင့် အနေခက်သွားရမှာကိုလည်းမလိုချင်ဘူး...တစ်ခုပဲ ကလေးကိုကိုယ်စိတ်ချမ်းသာအောင်ထားမှာပါ..."

"Yoongi Hyg...."

Taehyung ဆုံးဖြတ်လိုက်ပြီ...သူယုံကြည်နေမိသည်...Yoongi Hyg ကိုရွေးချယ်လိုက်ခြင်းက မမှားဘူးဆိုတာကို....

"သော့ချိတ်က ခရမ်းရောင်လေးယူကြမလား...."

Yoongi ရင်ထဲပန်းတွေပွင့်သွားရသည်...ကလေးကသူ့ကိုလက်ခံလိုက်ပြီ....အခုကစပြီး Kim Taehyung ဆိုတဲ့ကလေးအပေါ် တစ်ဖတ်သတ်ချစ်ခြင်းတွေရပ်တန့်ကာ စိတ်တူကိုယ်တူချစ်သူဘဝကိုဖြတ်သန်းရတော့မည် ....Yoongi ကလေးလက်ဖျားလေးကိုဖိညှစ်ထားကာ မီးရောင်စုံအောက်မှာ လှပချောမောနေတဲ့ကောင်ငယ်လေးကို အသည်းယားစွာကြည့်နေမိသည်...

💜 The Last Lover 💜 (Completed)Wo Geschichten leben. Entdecke jetzt