"ကလေးရယ် ပင်ပန်းခံလို့..."
"မပင်ပန်းပါဘူး Yoongi Hyg ရဲ့...ဒါပေမယ့်လေ ပထမဆုံးလုပ်ကြည့်ထားတာဆိုတော့ စားကောင်းပါ့မလားမသိဘူး..."
"စားကောင်းမှာပါ ကလေးလုပ်ထားတာပဲဟာ"
Yoongi ဆီကစကားကြောင့် Taehyung မျက်နှာလေးက ပြုံးသွားသည်...Yoongi မှာချစ်စဖွယ်မျက်နှာလေးကြောင့် ရုတ်တရက်ငေးကြည့်နေမိသည်...Taehyung က တူတစ်ခုနဲ့ထမင်းလိပ်လေးကိုညှပ်ယူလိုက်ကာ Yoongi ပါးစပ်နားခွံ့ကျွေးလာသည်..Yoongi စားကြည့်တော့ အရသာကသိပ်မဆိုးလှ...စားလို့ကောင်းတာပဲ...
"Kim Taehyung Shii....ကိုယ်တိုင်လုပ်တာရောဟုတ်ရဲ့လား..."
"မကောင်းဘူးလားဟင် Yoongi Hyg..."
"မဟုတ်ဘူး စားလို့ကောင်းတယ်လို့....ကလေးကတော်လိုက်တာ"
"Hee..အာ့ဆိုများများစားနော်..."
"ကလေးလည်းစား...ရော့ အာာာာ..."
Yoongi Hyg ဆီက အာဆိုတဲ့အသံကျယ်ကြီးကြောင့် Taehyung ဘေးဘီကိုမလုံမလဲကြည့်လိုက်မိသည်...အဲ့ဒီ Hyg ဟာလေ တကယ်ပဲ...
Taehyung လည်းစားကြည့်မိတော့ ကျေနပ်သွားရသည်...ဗိုက်ဆာနေတာမလို့ Yoongi Hyg ရောသူပါကောင်းကောင်းစားကြသည်...Yoongi Hyg ဝယ်လာတဲ့ ပန်ကိတ်ပူပူလေးရော အစုံစားပြီးတော့ ဗိုက်တွေလည်းပြည့်ကာ ထိုင်ခုံပေါ်မှီရင်းအနားယူနေကြသည်....
အနားယူပြီးတော့ ပန်းခြံတစ်လျှောက်လမ်းလျှောက်ကြည့်ကာ နေဝင်ချိန်ကြည့်ရန် 83 Tower ပေါ်တက်ခဲ့ကြသည်...83 Tower ပေါ်ကနေ နေဝင်ချိန်ကြည့်ရတာသိပ်ကိုလှပပါသည်...Taehyung အတွက်ပထမဆုံးပင်...Yoongi Hyg လည်းပျော်နေပုံရကာ ပြုံးခဲတဲ့ Hyg ဟာ သူ့ဘေးနားမှာအမြဲပြုံးနေခဲ့ပါသည်....
83 Tower ပေါ်မှာနေဝင်ချိန်ကြည့်ရင်း တဖြည်းဖြည်းညရောက်လာတော့ အပေါ်မှာပဲ ညစာစားကာ Tower အောက်ဘက်ဆင်းခဲ့သည်...Tower အောက်ဘက် ပတ်ဝန်းကျင်တစ်ခုလုံး မီးလုံးအသေးလေးတွေနဲ့အလှဆင်ထားကာ စုံတွဲတွေများစွာသွားလာနေကြသည်...
"ကလေး ကိုယ်တို့တစ်ခုလုပ်ရအောင်..."
"ဟမ်...."
"လာ ကိုယ့်နောက်လိုက်ခဲ့...."
မီးရောင်စုံတွေကြောင့် သစ်ပင်လေးတွေလည်းရောင်စုံဖြစ်ကာလှပနေသည်...ဓာတ်ပုံရိုက်နေတဲ့စုံတွဲတစ်ချို့ကိုဖြတ်ကျော်ကာ Yoongi Hyg ခေါ်လာတဲ့နေရာက စုံတွဲတွေသော့ချိတ်ချိတ်တဲ့နေရာ...
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...
Part-10
Start from the beginning
