𝔼𝕡𝕚 - 13

1.3K 136 4
                                    

Unicode

ကမ္ဘာစိုးစံ မိမိလက်ကိုဆုပ်ကိုင်ကာ ပြန်အိပ်ပျော်သွားသော bio ကြောင့် သက်ပြင်းချလိုက်ရင်း လက်ကို ဖြည်းဖြည်းဆွဲထုပ်လိုက်သည်။
တစ်ခါပြန်နိုးလာရင် စားဖို့ စိုးစံ မီးဖိုခန်းကို လာကာ ဆန်ပြုတ် ပြုတ်ဖို့ ပြင်လိုက်သည်။
နေမကောင်းသည့်သူအတွက် ဆန်ပြုတ်ကသာ အကောင်းဆုံးပင် ။

ဆန်ပြုတ် ပြုတ်ပြီးပြီမို့ အခန်းထဲပြန်ဝင်လာတော့ စောစောကအတိုင်းသာ အိပ်နေသော
ကမ္ဘာကြီး၏ မရှိမဖြစ်သော ဇီဝ.....။
ကမ္ဘာကြီးပေါ်မှာ ဇီဝလို့ခေါ်သော သက်ရှိတွေဆိုတာ မရှိမဖြစ်လေ... ။
အဲ့လိုပါပဲ ဇီဝသင်္ခဆိုသည့် လူသားကလည်း ကမ္ဘာစိုးစံဆိုသည့် လူသား၏ မရှိမဖြစ်ပါပဲဗျာ.....။

တစ်ယောက်ထဲထားခဲ့ရန် စိတ်မချသည်မို့ ညပါအိပ်ရန် တီတီဆီ ဖုန်းဆက်ရန်ပြင်ရတော့သည်။
သူ... နေမကောင်းဘူးလို့ပြောတော့ ရင်းနှီးနေပြီဖြစ်သော တီတီက စိတ်ပူကာ သေချာဂရုစိုက်ပေးဖို့ မှာသည်မို့ စိုးစံ စိတ်မပူရန်သေချာပြန်ပြောရသည်။

နေမကောင်းရင် အားငယ်သည့်စိတ်သည် အလိုလိုပေါ်လာတတ်မြဲပင်....။
အခုရော နေမကောင်းဖြစ်နေသော bio. သူ့မိဘတွေကိုများ မျှော်နေရှာမလားမသိသည်မို့
ခုံပေါ်တင်ထားသော bio ၏ ဖုန်းလေးကိုယူကာ
သူ့မိဘတွေဆီ ဖုန်းခေါ်ရန်ကြိုးစားလိုက်သည်။

ဖုန်းဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က စိုးစံ အတန်းထဲမှာ စာလိုက်ကြည့်နေသော ပုံလေး...။
အမယ်........ ဒီပုံထဲမှာတော့ ကမ္ဘာစိုးစံ တော်တော်ချစ်ဖို့ကောင်းနေတယ်ဗျ အဟစ်...။
Daddy လို့ မှတ်ထားသော နံပါတ်ကို နှိပ်လိုက်တော့ ခဏအကြာမှာ တစ်ဖက်က ဖုန်းကိုင်လာသည်။

" သား မခေါ်စဖူးပါလား ဘာလိုလို့လဲ "

ငိ.... မခေါ်စဖူးဆိုပဲ တစ်ခါမှမခေါ်ဖူးဘူးထင်တာပဲ ။ ေအာ်......... သားအဖ ဆက်ဆံရေးက အားကျစရာကြီး ။ ဘာတဲ့ ' ဘာလိုလို့လဲ ' ဆိုပဲ ။
လိုမှ ဖုန်းဆက်ရဖို့လားဟ ဘာလားပေါ့.....။

" ဟုတ်ကဲ့ ကိုဇီဝသင်္ခ နေမကောင်းဖြစ်နေပါတယ်ခင်ဗျ အချိန်လေးများအားရင် condo
ကို လာကြည့်ပါလားဗျ "

ဇီဝကမ္ဘာ (Completed) Tahanan ng mga kuwento. Tumuklas ngayon