𝔼𝕡𝕚 - 2

2K 178 2
                                    

Unicode

မနက်စာမစားလာပဲ ကျောင်းရောက်မှ စားမည်ဟု တွေးထားခဲ့သည်တို့ အခုတော့ ပျက်ရပြန်သည်။ အကြောင်းကတော့ မွေးသဖခင်ကျေးဇူးရှင်က ' သားရေ အဖေ့အစား တစ်နေရာကို သွားပေးပါကွာ...' လို့ ဖုန်းဆက်လာသည်မို့။
အဲ့တော့လည်း သွားရတော့မှာပေါ့ ။
ကားကို ရပ်နေကြနေရာမှာရပ်ထားခဲ့ပြီးကာ အတန်းထဲဖင်ထိုင်ရုံရှိသေး ဖုန်းဆက်လာတော့ ဖင်ပြန်ကြွကာ ကားဆီပြန်သွားရမည်။

သူငယ်ချင်းနှစ်ယောက်ရှိ​ေနသော Canteen မှာ breakfast အရင် ဝင်စားပြီးမှ daddy ခိုင်းတာကိုသွားမည်ဟု စိတ်ကူးပြီး ကားပြန်ယူရန် လမ်းလျှောက်လာစဥ် လမ်းမှာ ကောင်လေးတစ်ယောက်နှင့် တိုက်မိလေသည်...။
အရှိန်နှင့်တိုက်မိသည်မို့ ဇီဝသင်္ခ လက်ထဲက ကားသော့လည်း လွတ်ကျသွားသလို တစ်ဖက်က ကောင်လေးကလည်း ဖက်ထိုင်ရက် လဲကျလေသည်။ ဝင်တိုက်မိသော ကောင်လေး၏စာအုပ်တွေလည်း ပြန့်ကျဲကုန်သလို ပုလင်းဖင်လောက်ရှိသော မျက်မှန်သည်လည်း ကတ္တရာလမ်းပေါ်
ကျသွားလေသည်။

လမ်းလေးတစမ်းတစမ်းဖြင့် ရှာနေသည်မို့ မျက်မှန်ရှာသည်ဟုပဲမှတ်လိုက်ကာ ဇီဝ ကောက်ပြီး ထိုကောင်လေးလက်ထဲ ထည့်ပေးလိုက်တော့
ဝမ်းသာသွားသည်ထင် အမြန်မျက်မှန်ကို ကောက်တပ်ပြီး ဇီဝကို ကျေးဇူးတင်စကားပြောလေသည်။

" အမလေး အခုမှ မြင်ရတော့တယ် ကျေးဇူးတင်ပါဗျ..."

" ရပါတယ် ကိုယ်လည်း မမြင်လို့ပါ တောင်းပန်ပါတယ် "

" ရပါတယ်ဗျ.... "

အဆင်ပြေကြောင်းပြေကာ ဇီဝကို မော့ကြည့်လာသော ကောင်လေးသည် မျက်နှာပြည့်ပြည့်ဝိုင်းဝိုင်းကလေးနှင့် ချစ်စရာလေး ။ အသားဖြူဖြူလေးမို့ မျက်မှန်ကိုင်းနက်လေးနဲ့ဆိုတော့ တကယ်ကို ချစ်စဖွယ်အတိ ။
ဇီဝကို မော့ကြည့်နေပြီးမှ သူ့စာအုပ်တွေပြန်ကောက်ပြီး ခေါင်းငုံ့ပြကာ ထွက်သွားလေသည်။
ကျန်ခဲ့သော ဇီဝမှာသာ တစ်ခါမှ မဖြစ်ဖူးသော ခံစားချက်ကြီး ရင်ထဲ ဖြစ်ပေါ်နေလျက်...။

Canteen ရောက်တော့ ဟိုနှစ်ကောင်ကို ရှာရသည်။ ကြာကြာမရှာလိုက်ရ ဒင်းတို့နှစ်ကောင်က
သူတို့ကလေးလေးတွေ ရှိရာစားပွဲဝိုင်းမှာ နှာခေါင်းမီးတောက်နေကြလေသည်။
ဇီဝကို မြင်တော့ လှမ်းခေါ်လိုက်သော အိုးဆက်...။ အကုန်လုံးက လှည့်ကြည့်လာသည်မို့
နေကာမျက်မှန်တပ်ထားရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဇီဝသင်္ခက စပ်စုတာကို သိပ်မုန်းပါသည်။ အဲ့လိုပဲ သူ့ကို လူတွေကြည့်ကြသည်ကိုလည်း မကြိုက်ပါ ။ အကုန်လုံးကို လျစ်လျှူရှု့ရင်း အိုးဆက်တို့ရှိရာဆီ သွားတော့ မြင်လိုက်ရသည်က ခုဏက ဇီဝနှင့် တိုက်မိသော ကောင်လေးလည်း ရှိနေလေသည်။ ဇီဝကိုမြင်တော့ ပုလင်းဖင်မျက်မှန်အောက်က မျက်လုံးလေးတွေပြူးသွားကာ နှုတ်ခမ်းလေးလည်း ပွင့်ဟသွားလေသည် ။

ဇီဝကမ္ဘာ (Completed) Where stories live. Discover now