𝔼𝕡𝕚 - 11

1.3K 127 4
                                    

Unicode

ညက အိပ်တာနောက်ကျသည်မို့ စိုးစံ နိုးလာတော့
ခေါင်းထဲ သိပ်မကြည် ။ မျက်နှာသစ် သွားတိုက်လို့ အောက်ထပ်ဆင်းကာ မနက်စာ စားတော့ တီတီက စကားစလာသည်။

" သား အမကို သွားကြိုဖို့ ပြင်ထားတော့နော် ကားက ၁၀ နာရီ ရောက်မှာ အခုတောင် ၈နာရီ ခွဲနေပြီ "

" ဟုတ် တီတီ "

မနက်စာစားပြီး အခန်းထဲပြန်လာကာ အမေ့ကိုသွားကြိုဖို့ ပြင်ရသည်။ ခါတိုင်းလိုပါပဲ အပြာရောင် တီရှပ်လက်တိုလေးကို အပြာရောင် အစိပ်ကျဲအကွက်ပါသော ပုဆိုးဖြင့် တွဲဝတ်လိုက်သည်။

တစ်အိမ်လုံး သွားကြိုမှာမို့ အိမ်ကိုတံခါးသော့ခတ်နေကြသည် ။
ကားတံခါးပါ ပိတ်ရအုံးမှာမို့ စိုးစံ ခြံပြင်ထွက်လိုက်တော့

" ဟင်..... ဓာတ်တိုင် "

" မောင် "

အမလေး....... ဘယ်နေရာမှာ မောင် လို့ လာခေါ်နေတာလဲ ဓာတ်တိုင်ကောင်ရဲ့ ။
ငါနော်...... မနေ့က ခေါက်တာ လက်စမပျင်းလို့ ထပ်အခေါက်ခံချင်နေတာလား...။
ဘာကြောင့်မှန်းတော့ မသိပေမဲ့ အိပ်ရေးမဝလို့ မကြည်သည့်စိတ်သည် အခု ဓာတ်တိုင်ကိုမြင်လိုက်တော့ ကြည်သွားသလိုပင်.....။

" သား ဘယ်သူလဲ "

စိုးစံ အနားကို ရောက်လာသော တီတီက မေးလေသည်။ အော်....အင်းပေါ့ အကုန်လုံးကားပေါ်ရောက်နေပြီ စိုးစံက အခုထိ ခြံတံခါးနားမှာကိုး ။
တံခါးကိုကြည့်လိုက်တော့လည်း သော့ကခတ်ပြီးပြီ ဘယ်တုန်းကလဲဟ.....။

" တွေ့ရတာ ဝမ်းသာပါတယ် တီတီ ကျွန်တော်က
စိုးစံရဲ့ စီနီယာပါ "

" အော် ဟုတ်လား ဘာကိစ္စရှိလို့လဲကွယ့်"

စိုးစံလည်း ဓာတ်တိုင်ကို ကြည့်လိုက်သည် ။
စိုးစံသိချင်နေသော မေးခွန်းကို မေးလိုက်သည်မို့ ။ စိုးစံ လေမကုန်ရတော့ပါ.....။

" ကမ္ဘာစိုးစံ သူ့အမေကို သွားကြိုဖို့မလားဗျ ကျွန်တော်လည်း အတူတူလိုက်ချင်လို့ပါဗျ "

အမယ်..... ယဥ်ကျေးနေတာ ။ တဗျဗျနဲ့ ဟွန့်.... ။
တမောင်မောင်ပြီးလို့ အခု တဗျဗျ.....။

ဇီဝကမ္ဘာ (Completed) Where stories live. Discover now