𝔼𝕡𝕚 - 10

1.4K 125 2
                                    

Unicode

ညသည် နက်သထက် နက်လာလေပြီ ။ အချိန်အားဖြင့်ကလည်း ည ၁နာရီ ခွဲ ။
မောင်မောင်ကမ္ဘာစိုးစံ အခုချိန်ထိ အိပ်မပျော်နိုင်သေးပေ ။ ခါတိုင်းလိုသာဆို ကုလားသေ ကုလားမော စက်တော်ခေါ်နေမှာသေချာသော်လည်း
အခုတော့.........

ကမ္ဘာစိုးစံ မျက်လုံးမှိတ်လိုက်တာနှင့် နေ့တိုင်းမြင်တွေ့နေရပြီး တမောင်ထဲမောင် ခေါ်နေသော
ဟိုဓာတ်တိုင်ကောင်ကြီးကိုပင် ။
ကမ္ဘာစိုးစံ လက်တွေကို လှုပ်ရှားလိုက်သည်
နှုတ်ခမ်းသားပေါ်တွေကိုပေါ့.....
လက်တွေ နှုတ်ခမ်းနှစ်လွှာပေါ် ရောက်သွားသည်နှင့် ဘယ်ဘက်ရင်ဘက်ဆီမှ နှလုံးသားနေရာက
စည်းချက်မမှန်စွာ ခုန်လှုပ်လာလေသည်။
အခုက ဘာလဲ......... ကမ္ဘာစိုးစံ ဇီဝသင်္ခဆိုသည့်သူကို ရင်ခုန်နေတာလား...။
ကြားဖူးနားဝရှိသည် ' ရင်ခုန်လျှင် အချစ်' ကြောင့်တဲ့လေ ။ အခု ကမ္ဘာစိုးစံ ရင်ခုန်နေတာဆိုတော့.............။

ညနေက ဖြစ်ရပ်သည် မျက်လုံးထဲ ထင်ရှားစွာပြန်ပေါ်လာချေသည်။

အတန်းဆင်းချိန်မို့ စိုးစံလည်း သူငယ်ချင်းတွေကို နှုတ်ဆက်ကာ လာခေါ်နေကျသူကြီးကို ရှာလိုက်သည် ။
လမ်းလျှောက်ကာ ရှာနေရင်း တစ်နေရာအရောက် စိုးစံ ခြေလှမ်းတွေ ရပ်သွားသည်။
မြင်တွေ့နေရသည်က ကားနားတွင် ဇီဝသင်္ခ နှင့် အမျိူးသမီးတစ်ယောက် ။ နှစ်ယောက်သား ပြုံးရယ်ကာ စကားတွေ ပြောနေကြလေသည်။
စိုးစံ ခုဏက ကြည်နေသည့်စိတ်ကလေးပျောက်သွားကာ ဘယ်ကမှန်းမသိသည့် ဒေါသတွေ ထွက်လာလေသည်။

အသက်ကိုပြင်းပြင်းရှုလိုက်ရင်း ကြည်နူးနေကြသော သူနှစ်ယောက်ရှိရာဆီ တည့်တည့်လျှောက်သွားလိုက်သည်။

" မောင်......"

စိုးစံ မြင်တော့ ချက်ချင်း သူ ခေါ်နေကျအတိုင်း
ခေါ်လာသော ဓာတ်တိုင် ။ သူများရှေ့ ဘယ်လိုတွေ ခေါ်နေမှန်းကို မသိပါဘူး...။
ဓာတ်တိုင်က ခေါ်ပြီး စိုးစံ အနားကို ရောက်လာလေသည်။

" ကဲ ဒါဆို တို့ ပြန်တော့မယ်နော် "

မျက်နှာကြီး ပြုံးဖြီးပြီး ပြန်နှုတ်ဆက်ပေါသော ဓာတ်တိုင်ပါ..။
စိုးစံ စိတ်မရှည်တော့သည်မို့ ကိုင်ထားသော လက်ကို ရုန်းလိုက်သည်။ သို့သော် မလွတ်မြောက်ခဲ့ပါ....။

ဇီဝကမ္ဘာ (Completed) Where stories live. Discover now