𝔼𝕡𝕚 - 5

1.6K 149 2
                                    

Unicode

ဘာမှလည်းပြောမလာသလို ဘာလုပ်ရမှန်းလည်း မသိသည်မို့ စိုးစံပြန်ရန် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ပြီး တံခါးဆီ သွားလိုက်သည်။
သို့သော် အနောက်ကနေ ရုတ်တရပ် လာပွေ့ဖက်လိုက်သောသူကြောင့် စိုးစံ လန့်သွားပြီး ရုန်းလိုက်မိသည်။ စိုးစံ ရုန်းသော်လည်း မလွတ်မြောက်သည့်အပြင် ပိုတိုးလို့ ဖက်လာသည်ကြောင့် ထိုအတိုင်းသာ ငြိမ်ငြိမ်လေး နေလိုက်သည်။
ရုန်းလို့မှ မရတာ ရုန်းမနေတော့ဘူး အားကုန်လို့........။

" daddy နဲ့ mommy ရန်ဖြစ်ကြပြန် "

ဟမ်...... လင်မယား ရန်ဖြစ်တာ ဘာထူးဆန်းလို့လဲ ။

" ဒီလိုပဲ ရန်ဖြစ်စကားများတာတော့ ရှိမှာပေါ့
လင်မယားပဲလေ "

" ဟက်........ လင်မယားတွေ မဟုတ်ကြတော့ဘူးလေ "

" အာ......."

စိတ်ညစ်နေသည်ဆိုတာ သေချာသွားပြီမို့ စိုးစံလည်း လက်နှစ်ဖက်လုံးကိုပါ သိမ်းကျုံးဖက်ထားသည့် ဓာတ်တိုင်ကြီး၏ လက်တွေပေါ် အသာလေးထပ်တင်ကာ ဖြေသိမ့်ဟန် ပုတ်ပေးလိုက်သည်။
ပုခုံးနေရာက စိုစွတ်လာသည်မို့ အမိုးများ မလုံလို့မိုးတွေယိုသလားဆိုကာ အပေါ်မော့ကြည့်လိုက်တော့ ဘာမှလည်းမတွေ့။
ဒါဆို.......စိုးစံ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လို့ ဓာတ်တိုင်နှင့်မျင်နှာချင်းဆိုင်လိုက်သည်။
ဟာ.......... မိုးယိုတာမဟုတ်ဖူး ငိုနေတာဗျ ဓာတ်တိုင်က...။

" ငို ငိုနေတာလား......."

" ကျေးဇူးပြုပြီး တစ်ယောက်ထဲ မထားခဲ့ပါနဲ့..."

" အင်း အင်း..... မထားခဲ့ဘူး မထားခဲ့ဘူး တိတ်
တိတ်...."

ဘဝမှာ ပထမဦးဆုံးအကြိမ် တစ်စိမ်းသူကို
ဖက်တွယ်မိခြင်း ။ မျက်စိရှေ့မှာ daddy နဲ့ mommy ရန်ဖြစ်လို့ mommy အိမ်ပေါ်ကညဆင်းသွားတာကိုတောင် ကြည့်ရုံပဲ ကြည့်နေခဲ့သည်အထိ ဇီဝသင်္ခဆိုတာ အတွယ်အတာမဲ့ခဲ့သည်လေ ။
အခု..... အခုတော့....... ရင်းလည်း မရင်းနှီးသလို
တွေ့တာတောင် လက်ချိူးရေတွက်လို့ရသည့် အကောင်လေးတစ်ယောက်ကို ဇီဝသင်္ခ ဆိုသည့်
ကျွန်တော်က အတင်းတွေ ဖက်တွယ်မိသတဲ့.....။

ဇီဝကမ္ဘာ (Completed) Where stories live. Discover now