𝔼𝕡𝕚 - 12

1.3K 131 10
                                    

Unicode

မောင့်ကို အိမ်ပြန်လိုက်ပို့ပေးပြီး ဇီဝ condo ကိုသာ ပြန်လာလိုက်သည်။
မောင့်အမေ ဇီဝ၏အနာဂတ်ယောက္ခလောင်းက
မှာလိုက်သည် နောက်လည်း လာလည်ပါတဲ့လေ။
အဲ့တော့ မောင်မောင်ဇီဝတို့ ပျော်တာပေါ့ဗျာ.....။

ဇီဝ ပျော်နေရင်း မောင့်နား​က မိန်းကလေးအကြောင်းတွေးမိတော့ ရင်ထဲ နေလို့မကောင်းတော့ ။ ထိုမိန်းကလေးက ရွာသူဆိုပေမဲ့ ရိုးရိုးယဥ်ယဥ်လေး ။ မောင်နဲ့ တွဲလျှောက်လိုက်တော့ လိုက်ဖက်တယ်လို့ မြင်မိသည်။
ဇီဝ မျက်လုံးတွေကို မှိတ်ချလိုက်မိသည်။

ဇီဝဘက်က ဖွင့်ဟဝန်ခံထားပေမဲ့ အခုချိန်ထိ မောင့်ဘက်က ဘာမှပြန်မပြောလာသေးဘူးလေ။
အကယ်၍ မောင်ကသာ ဇီဝကို မဟုတ်ပဲ ထိုမိန်းကလေးကို ရွေးလိုက်လျှင်.........။

ဟင့်အင်း........ ဇီဝ ဆက်မတွေးချင်တော့သည်မို့
မသောက်တာကြာပြီဖြစ်သော ဆေးလိပ်တစ်လိပ်ကို ထုတ်လိုက်ပြီး မီးညှိကာ နှုတ်ခမ်းလွှာကြား နေရာယူစေလိုက်သည် ။
ဝရန်တာမှာ ကောင်းကင်ကြီးကို မော့ကြည့်ပြီး နှုတ်ခမ်းလွှာထဲက အငွေ့တွေ လေထဲ လွင့်သွားသည်ကို ကြည့်ရသော ခံစားချက်က ဘာနဲ့မှ မတူပေ ။
တစ်ချိန်ကပေါ့ မျက်မှောင်လေးကြုတ်ကာ ဇီဝကို ကြည့်လာသော ကောင်လေး၏ပုံရိပ်လေးကို
ဒီအခိုးအငွေ့တွေကြားက မြင်ယောင်မိခဲ့သေးသည်မလား.........။

အချိန်လည်း နောက်ကျနေပြီမို့ ဇီဝ ရေချိူးတာနောက်ကျသွားလေသည်။ မနက်ဖန် မောင်တို့က
ရွှေတိဂုံဘုရားကို ဘုရားဖူးသွားမည်တဲ့လေ ။
ဇီဝလည်း မောင့်ကိုလည်း တွေ့ရသလို မောင့်အမေနှင့်လည်း ရင်းနှီးလိုသည်မို့ အတူလိုက်ပါမည် ။ အဲ့တော့ စောစောအနားယူပါမည်....။

ညနေက မျက်နှာငယ်နဲ့ လူကို မှာတမ်းတွေခြွေနေသော ဓာတ်တိုင်ကြောင့် စိုးစံမှာ အင်းတစ်လုံးစောင် အိုတောင်မဆင်းရဲ လုပ်လိုက်ရသည် ။
ဘူးတစ်လုံးစောင် အိုးတောင်မဆင်းရဲ ဆိုတဲ့စကားပုံအမှန်ကို သိတယ် ဒါပေမဲ့ အခုက ဘူးစောင်လိုက်ရင် အရစ်တွေရှည်လွန်းလို့ အိမ်ပြန်ရောက်မှာကို မဟုတ်တော့မှာမို့ အင်းစောင်လိုက်ရတာဗျိူ့..............။

ဇီဝကမ္ဘာ (Completed) Where stories live. Discover now