𝔼𝕡𝕚 - 9

1.4K 133 2
                                    

Unicode

ကျောင်းကိုရောက်တော့ မောင့်ကိုအတန်းရှေ့ထိ လိုက်ပို့မလို့ပြင်တော့ မောင်က နေ့လည် canteen မှာပဲ တွေ့ကြမယ် တဲ့လေ ။
မောင် အရင်လိုလေး ခါးခါးသီးသီး မဆက်ဆံတာပဲ တော်ပါသေးတယ်လို့ ဇီဝ ကိုယ့်ကိုကိုယ်ဖြေသိမ့်ရသည်။
အခုလည်း မောင် သူ့အတန်းထဲ ဝင်သည်အထိ ကြည့်ပြီးမှ ဇီဝလည်း ကိုယ့်အခန်းကိုယ် ခြေဦးတည်ရတော့သည်။

" ငဇီ..... မင်း မျက်ခွက်ကြီးကလည်း ဒီရက်ပိုင်း
ပြုံးဖြီးနေတော့တာပဲ အရင်က အချေရုပ်နဲ့ ဇီဝသင်္ခကြီးကို မနည်းကို လိုက်ရှာနေရတယ်ကွာ "

ရောက် ရောက်ချင်း တူရွင်းနဲ့ တူးတာပဲ မပြေမဝေကောင်ပေါ့ ။
ရောက် ရောက်ချင်း စောက်နဲ့ထွင်း ဆိုတာ old စကားပုံကြီးပါ အာ့ကြောင့် version မြှင့်ပေးတာ
တူရွင်းနဲ့တူးလို့လေ.... ။

" ဇီဝ မင်း ကမ္ဘာစိုးစံကို တကယ်လား "

" အင်း..... ငါ့နှလုံးသားကို စိုးစံသွားတဲ့ တစ်ဦးတည်းသော အကောင်လေး "

" အင်းပါ ရှေ့ဆက် ကြမ်းတမ်းမဲ့လမ်းတွေကို အကောင်းဆုံးကြိုးစားကြတာပေါ့ကွာ
ငပြေ မင်းရော အခြေအနေဘယ်လိုလဲ "

အိုးဆက် ဇီဝကို အားပေးရင်း ပြေဝေကိုလည်း
သူ့ဝင်းလေးနှင့်အဆင်ပြေရဲ့လား မေးလိုက်သည်။ သို့သော် ရှုံ့မဲ့သွားသော ပြေဝေ၏ မျက်နှာကြောင့် အခုထိ အဆင်မပြေသေးမှန်းသိလိုက်ပါပြီ ။

" ဘယ်ကသာကွာ ဝင်းလေးကလေ ငါ့ကို အားနေ ဒူးရင်းသီးပဲ ကျွေးနေတာကွ ကြာတော့ ငါလည်း
စားချင်တယ်လို့ ပြောခဲ့မိတဲ့ ကိုယ့်ပါးစပ်ကိုယ်သာ ဖြတ်ရိုက်ချင်တော့တယ် "

အိုးဆက်နှင့်ဇီဝတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မိကြသည်။ တကယ်ပါပဲ
ငပြေကောင်ကလေ ရညိးစားစကားပြောဖို့ ပြင်ပြီးကာမှ ဘာတဲ့ ' ဒူးရင်းသီး စားချင်လို့ ' ဆိုကာ
သူ့ဝင်းလေးရှေ့ သောက်ရှက်တွေ ဗြန်းဗြန်းကွဲခဲ့တယ်လေ ။

ဆရာဝင်လာပြီမို့ ဇီဝတို့ စကားဝိုင်း တိတ်သွားရသည်။ နေ့လည်း canteen ရောက်ရင် မောင် စားဖို့ ဘာမှာပေးရင် ကောင်းမလဲ စဥ်းစားရင်း အရှေ့ကဆရာ ဘာတွေ သင်သလဲမသိတော့ပဲ
မောင့်အကြောင်းသာ တွေးရင်း အချိန်တွေ ကုန်ခဲ့ပါသည်။

ဇီဝကမ္ဘာ (Completed) Where stories live. Discover now