"ကျစ်...မတူဘူးလေကလေးရာ..."
Taehyung ကိုဇွတ်ဆွဲကာ ဆိုင်ထဲခေါ်လာရင်း Yoongi Hyg က ဖိနပ်စင်ဘက်ရောက်သွားကာ Taehyung နဲ့လိုက်မယ့်ဖိနပ်ကိုရွေးနေတော့သည်...
"ကလေး ဒါလေးစီးကြည့်..."
ဲဒီလိုနဲ့ Yoongi Hyg ကိုငြင်းမရမှန်းသိတာကြောင့် Taehyung အားနာတာနဲ့ Slipper ဂွင်းထိုးဖိနပ်လေးကိုသာရွေးချယ်မိသည်...Yoongi Hyg က ထိုဖိနပ်ကို ဆင်တူ ၂ ရံယူကာ Gucci တီရှပ်ကိုလည်း ဆင်တူ ၂ ထည်ဝယ်ခဲ့သည်...
Taehyung တကယ်အားနာတာမလို့ Yoongi Hyg နဲ့အပြန်လမ်းမှာတိတ်ဆိတ်နေမိသည်...
"ကလေး ...ကိုယ့်ကိုအားနာနေတာလား..."
"ဟုတ်တယ် Yoongi Hyg...ကျွန်တော့်အပေါ်အဲ့လောက်ကောင်းကောင်းမဆက်ဆံပါနဲ့လား...တကယ်ကို..."
"ကိုယ့်ကို တစ်ရက်လောက်အချိန်ပေးမလား..."
"ဗျာ...."
"ဒါကိုအားနာတယ်ဆိုရင် ကိုယ်နဲ့တစ်ရက်လောက်လျှောက်လည်ပေးမလား..."
Taehyung မျက်လုံးလေးတွေက Yoongi Hyg ကိုကြည့်မိတော့ Hyg ကနောက်နေပုံမပေါ်...ကားမောင်းနေတာကိုသာအာရုံစိုက်ပြီး ရုပ်တည်ကြီးနဲ့ပြောချလာခဲ့သည်...
"ဟို ကျွန်တော်..."
"မငြင်းရဘူး အဲ့နေ့ကျ အခုတီရှပ်ကိုဆင်တူဝတ်ရအောင်နော် ကလေး....ကိုယ့်ဘေးနားလေးနေပေးရုံပဲ ဒယ်ဂူးဘက်ကတောင်တွေဘက်သွားကြည့်ရအောင် ဆောင်းဦးရာသီဆိုအရမ်းလှတယ်တဲ့သိလား..."
"ဟုတ်ကဲ့...သွားကြတာပေါ့"
Yoongi ပျော်သွားရသည်....သူကလေးနဲ့တကယ်ကိုနှစ်ယောက်တည်းအချိန်တွေကုန်ဆုံးချင်နေမိတာ...တစ်နှစ်ကျော်မြိုသိပ်လာခဲ့တဲ့သူ့ဆန္ဒတွေပြည့်တော့မည်ဖြစ်သည်....
"ဒီတစ်ပတ်စနေနေ့ဆိုဘယ်လိုလည်း ကလေးလည်းကျောင်းပိတ်တယ်လေ..."
Taehyung တက်ကြွနေတဲ့ Yoongi Hyg ကြောင့် ပြုံးလိုက်မိသည်...Yoongi Hyg ကိုပျော်ရွှင်စေချင်မိသည်....
"Yoongi Hyg သဘောပါပဲ..."
............................
Taehyung ညစာစားဖို့အောက်ဆင်းလာတော့ မေမေက ဟင်းချိုခပ်ထည့်နေသည်...Taehyung ကိုမြင်တော့ ပြုံးပြလာရင်း...
"သားကိုစောင့်နေတာ ..."
"ဟုတ်မေမေ...."
သားမိနှစ်ယောက်ပဲရှိတဲ့ထမင်းဝိုင်းလေးက အေးချမ်းတိတ်ဆိတ်နေသည်...Taehyung ပန်းကန်ထဲ မေမေက ပုစွန်ထုပ်တစ်ကောင်ခပ်ထည့်ပေးရင်း...
"သားဘေးနားကအခန်းလွတ်ရှိတယ်မလား...အဲ့တာလေးကိုလေ မေမေအခန်းငှားမလားလို့..."
"ဟုတ်..."
"အလွတ်ထားမယ့်အစားအိမ်ငှားလေးထားတော့ အပိုဝင်ငွေလေးရတာပေါ့ တစ်ယောက်လောက်ထားရုံနဲ့ဘာမှမဖြစ်လောက်ပါဘူး.."
"ဒါပေမယ့် သားတို့လိုအိမ်ကျဉ်းကျဉ်းလေးကို ဘယ်သူကငှားမှာလဲမေမေရဲ့...အခုခေတ်မှာ အဆောင်တွေကလည်းကျယ်လည်းကျယ်လာပြီး ပိုသပ်ရပ်လာတာမလား"
"အဲ့တာလည်းဟုတ်ပါတယ်လေ...မေမေကစကားအဖြစ်ပြောတာပါ သားလေးအဆင်ပြေမလားလို့..."
"သားက ကိစ္စမရှိပါဘူး..."
"ဟုတ်ပါပြီ များများစားနော် သားလေး..."
"ဟုတ် ဒါနဲ့မေမေ သားကို ထမင်းလိပ်နဲ့ကြက်ဥလိပ်လုပ်နည်းလေးသင်ပေးလို့ရမလား..."
"ဟင် သားကဘာလုပ်မလို့လဲ..."
"အော် Yoongi Hyg ကိုလုပ်ကျွေးချင်လို့ပါ သူကသားအပေါ်အများကြီးကောင်းပေးထားတာ..."
"အော် သားအလုပ်ရှင်သူဌေးလေးလား..."
"ဟုတ်ကဲ့မေမေ..."
"သင်ပေးမှာပေါ့ ဒါဆို ဒီညပဲစလိုက်မလား"
"ဟုတ်...မေမေအဆင်ပြေရင်ပေါ့..."
ပြုံးပြုံးရွှင်ရွှင်နဲ့ပင် နွေးထွေးတဲ့ထမင်းဝိုင်းလေးကအဆုံးသတ်သွားသည်....လိမ္မာတဲ့သားလေးရဲ့အပြုံးလေးတွေကိုကြည့်ရင်း Taehyung မေမေ Kim Misoo မှာစိတ်ချမ်းသာရသည်....သူမသားလေးကိုအမြဲပျော်ရွှင်စေချင်သည်...သူမသားလေးဟာချစ်ခြင်းတွေနဲ့သာထိုက်တန်တဲ့ကလေးလေး...
ဇာတ်လိုက်ကျော်ကြီးကိုမျှော်နေကြပြီလား....ခနစောင့်ပေးကြပါဦးနော် 😄
STAI LEGGENDO
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...
Part-9
Comincia dall'inizio
