Taehyung တို့အိမ်က နှစ်ထပ်တိုက်အသေးလေးဖြစ်သည်...မေမေက အိမ်ရှေ့မှာအဖီလေးထုတ်ကာ သစ်သီးရောင်းသည်...အပေါ်ထပ်မှာ Taehyung နေကာ အောက်ထပ်မှာမေမေနေလေသည်....Yoongi Hyg တို့လိုလူတွေအတွက် Taehyung အိမ်လာလည်ရင် အနေကျဉ်းကြပ်မည်စိုးပါသည်....

"အော် ရောက်ပြီပဲ...."

Taehyung ကြည့်မိတော့ Shopping Mall တစ်ခုရှေ့မှာပင်...

"Yoongi Hyg ကဝယ်စရာရှိလို့လား...."

"အင်းရှိတယ်...."

"ကျွန်တော့်ကိုအဖော်ခေါ်ခဲ့တာပေါ့..."

"မဟုတ်ဘူး ကလေးပါမှရမှာမလို့လေ"

"အမ်...."

"လာပါကွာ...."

Yoongi Hyg က Taehyung လက်ကိုဆွဲကာ Shopping Mall ထဲဝင်ခဲ့သည်....Taehyung လည်းဘာမှမပြောဘဲ Yoongi Hyg ခေါ်ရာနောက်လိုက်ခဲ့တော့ ဖိနပ်ဆိုင်ရှေ့မှာရပ်လိုက်တဲ့ Hyg...

"Gucci ကလေးကြိုက်တဲ့ Brand မဟုတ်လား"

"အမ်...မကြိုက်ဘူးရယ်..."

Yoongi ပြုံးနေရင်း ကလေးမျက်နှာလေးကိုကြည့်ကာ ရယ်မိသည်...ဒီကလေးကလေ အရမ်းအားနာတတ်တာ...သူများဆီကဆိုဘာတစ်ခုမှအလကားလိုချင်စိတ်မရှိ...လောဘလည်းမရှိ...တကယ်ကိုဖြူဖြူစင်စင်လေး....အရမ်းချစ်တာပဲ ဒီကလေးလေးကို....

ကလေး Gucci Brand ကြိုက်တယ်ဆိုတာ Yoongi ကလေး IG Acc လေးကိုဝင်ကြည့်ရင်းကနေသိခဲ့ရသည်...Taehyungie ဆိုတဲ့ Acc လေးမှာ ကလေးကဘာမှမတင်ထားပေမယ့် ရေစိုနေတဲ့ထီးတစ်ချောင်းကိုဖွင့်ထားတဲ့ပုံလေးရယ်...ဟိုးအရင်ကဆိုင်ကိုယူလာဖူးခဲ့တဲ့ ခရမ်းရောင်ပန်းအိုးပုံလေးရယ် Gucci အိတ်ပုံလေးရယ်ပဲရှိသည်...အဲ...ပြီးတော့ ဝက်ဝံရုပ်ပုံလေးလည်းတင်ထားသေးသည်...ဒီတစ်ခါ V'Day ကျ ကလေးကိုအဲ့ဒီအရုပ်လေးပေးပြီး ချစ်ခွင့်ပန်ဖို့စဉ်းစားထားသည်....

"ကလေးကိုကိုယ်က အလုပ်ကြိုးစားလို့လက်ဆောင်ဝယ်ပေးချင်လို့ပါ..."

Taehyung မယူချင်ပါ...Gucci ဆိုတာဈေးကတော်ရုံမဟုတ်...Yoongi Hyg ဆီကလက်ဆောင်တွေယူရလောက်တဲ့အထိ Taehyung မဝံ့ရဲ...သူကဘာမလို့လဲ...Yoongi Hyg က သူ့အပေါ်အရမ်းကောင်းလွန်းသည်...

"Yoongi Hyg ကလည်း အလုပ်ကြိုးစားလို့ဆို ကျွန်တော်ပဲကြိုးစားတာမှမဟုတ်တာ ဆိုင်က အခြားဝန်ထမ်းတွေလည်း ....."

💜 The Last Lover 💜 (Completed)Where stories live. Discover now