"တက်...ဒီညအလုပ်မဆင်းနဲ့တော့ ကလေးပင်ပန်းနေပုံရတယ်..."

Taehyung ကို Yoongi Hyg က ကားတံခါးဖွင့်ပေးရင်းပြောလာခဲ့သည်...Taehyung ဝင်ထိုင်လိုက်ပြီး Yoongi Hyg ကကားကိုကွေ့ပတ်ကာ မောင်းသူနေရာထိုင်တဲ့အထိစောင့်နေလိုက်သည်...

"ဘယ်ဖြစ်မှာလဲ Yoongi Hyg ရဲ့ ညဆိုဆိုင်ကလူအရမ်းကျတာသိသားနဲ့...."

"အော ခေါင်းမမာစမ်းပါနဲ့ကလေးရယ်...စာတွေလည်းလုပ်ရတဲ့မင်းကိုပင်ပန်းမှာစိုးလို့ပါ..."

"မပင်ပန်းပါဘူး ....Cafe ကိုပဲသွားမယ်နော်..."

"No....ငြိမ်ငြိမ်လေးလိုက်ခဲ့...စကားနားထောင်ရင်ဆုချမယ်"

Taehyung မကျေမနပ်လေးဖြစ်သွားတာကြောင့် နှုတ်ခမ်းလေးဆူထွက်လာသည်...Yoongi ငြိမ်ကျသွားတဲ့ကလေးကိုခိုးကြည့်မိတော့ ဆူပုတ်နေတဲ့ရုပ်လေးကြောင့် ကြိတ်ရယ်နေမိသည်....

"ဟေးး အဲ့မျက်နှာနဲ့ပဲထိုင်နေတော့မှာလား..."

"မသိဘူးဗျာ Yoongi Hyg ကအမြဲအဲ့လိုပဲ...ကျွန်တော်က Hyg ရဲ့အငယ်ဆိုတော့ အမြဲလွန်ဆန်လို့မရဘူး..."

"မင်းအတွက်ပါကလေးရာ..."

Taehyung ပြုံးလိုက်မိသည်...Yoongi Hyg ကအမြဲသူ့ကိုဦးစားပေးသည်...Cafe ကဝန်ထမ်းအချင်းချင်းတောင်သိသာလောက်အောင် Taehyung ကိုဆိုမျက်နှာအညိုးမခံ...ဒီလိုဂရုစိုက်ပေးနေတဲ့ Yoongi Hyg လိုလူမျိုးကိုပထမဆုံးတွေ့ဖူးခြင်းပင်ဖြစ်သည်...Taehyung ဆီကဘာမှမမျှော်လင့်ပဲ နွေးထွေးမှုတွေသာပေးတဲ့ Yoongi Hyg ကြောင့် Taehyung ဘဝကနေပျော်လာခဲ့သည်...

"ဟုတ်ပါပြီ...ဒါနဲ့ဘယ်သွားမလို့လဲ Hyg က..."

"ကလေးအိမ်...."

"ဗျာ...."

"နောက်တာပါ...ဒါနဲ့ ဘာလို့ကိုယ့်ကို အိမ်အလည်လေးတောင်မခေါ်တာလဲ...ကလေးနဲ့ရင်းနှီးတာလည်းကြာပြီကို ကိုယ်ကအိမ်လေးတောင်မသိရဘူး..."

"အာ...အဲ့တာကလေ ...."

"ရပါတယ်ကလေးရဲ့ ကိုယ်က ဒီတိုင်းနောက်လိုက်တာ အဆင်ပြေမှ အသိပေးပါ"

Taehyung အားနာသွားရသည်...Taehyung အိမ်ကသာမာန်အိမ်လေးပင်...ဧည့်သည်အလည်ခေါ်ရလောက်တဲ့အထိမခမ်းနားနေပေ...ပြီးတော့ Yoongi Hyg ကအလုပ်ရှင်မလို့ မပြည့်စုံတဲ့မိမိအိမ်ကိုမခေါ်ရဲခြင်းပင်..Yoongi Hyg မှမဟုတ် Taehyung ဘယ်သူ့ကိုမှအိမ်အလည်မခေါ်ဖူးခဲ့...

💜 The Last Lover 💜 (Completed)Where stories live. Discover now