"သားက ကိစၥမရွိပါဘူး..."

"ဟုတ်ပါပြီ များများစားနော် သားလေး..."

"ဟုတ် ဒါနဲ့မေမေ သားကို ထမင်းလိပ်နဲ့ကြက်ဥလိပ်လုပ်နည်းလေးသင်ပေးလို့ရမလား..."

"ဟင် သားကဘာလုပ်မလို့လဲ..."

"အော် Yoongi Hyg ကိုလုပ်ကျွေးချင်လို့ပါ သူကသားအပေါ်အများကြီးကောင်းပေးထားတာ..."

"အော် သားအလုပ်ရှင်သူဌေးလေးလား..."

"ဟုတ်ကဲ့မေမေ..."

"သင်ပေးမှာပေါ့ ဒါဆို ဒီညပဲစလိုက်မလား"

"ဟုတ်...မေမေအဆင်ပြေရင်ပေါ့..."

ပြုံးပြုံးရွှင်ရွှင်နဲ့ပင် နွေးထွေးတဲ့ထမင်းဝိုင်းလေးကအဆုံးသတ်သွားသည်....လိမ္မာတဲ့သားလေးရဲ့အပြုံးလေးတွေကိုကြည့်ရင်း Taehyung မေမေ Kim Misoo မှာစိတ်ချမ်းသာရသည်....သူမသားလေးကိုအမြဲပျော်ရွှင်စေချင်သည်...သူမသားလေးဟာချစ်ခြင်းတွေနဲ့သာထိုက်တန်တဲ့ကလေးလေး...








ဇာတ်လိုက်ကျော်ကြီးကိုမျှော်နေကြပြီလား....ခနစောင့်ပေးကြပါဦးနော် 😄








Unicode....



1 နှစ်အကြာ.....

Taehyung Yoongi Hyg Cafe မှာပဲအမြဲတမ်းဝန်ထမ်းလုပ်ပြီး တက္ကသိုလ်ပထမနှစ်ကိုစတက်ခဲ့သည်....ရင်ထဲကဒဏ်ရာကအနာမကျက်သေးပေမယ့် Hyg ဆိုတဲ့လူသားကို မဆက်သွယ်မိအောင်ကြိုးစားခဲ့သည်...Hyg Studio ဘက်ကိုလည်းမကြည့်မိအောင်နေခဲ့သည်..Hyg ကိုမြင်တိုင်းငိုချင်တဲ့စိတ်တွေကိုထွေးပွေ့ထားရင်း Taehyung တစ်နှစ်ဆိုတဲ့အချိန်တွေကိုကောင်းကောင်းကျော်ဖြတ်ခဲ့ပါသည်....

Taehyung ကိုဘေးနားမှာနေပြီး အစစအရာရာကူညီစောင့်ရှောက်ပေးတဲ့ Yoongi Hyg ကိုအရင်ထက်ပိုပြီးခင်တွယ်လာခဲ့သည်..Yoongi Hyg ကြောင့် သူတစ်ဖြည်းဖြည်းနေသားကျလာခဲ့တာပဲဖြစ်သည်...

Taehyung ကျောင်းရှေ့ကအပင်အောက်မှာရပ်စောင့်နေမိသည်...Yoongi Hyg လာကြိုမယ်လို့ပြောထားတာကြောင့်ပင်....

"Yoongi Hyg..."

Taehyung ခေါ်သံကြောင့် Hyg ကလက်လှမ်းပြကာ Gummy Smile လေးပေါ်တဲ့ထိပြုံးပြလာသည်...Taehyung အပြေးလေးသွားလိုက်ပြီး Yoongi Hyg နားရပ်လိုက်သည်...

💜 The Last Lover 💜 (Completed)Where stories live. Discover now