Yoongi ပြုံးနေရင်း ကလေးမျက်နှာလေးကိုကြည့်ကာ ရယ်မိသည်...ဒီကလေးကလေ အရမ်းအားနာတတ်တာ...သူများဆီကဆိုဘာတစ်ခုမှအလကားလိုချင်စိတ်မရှိ...လောဘလည်းမရှိ...တကယ်ကိုဖြူဖြူစင်စင်လေး....အရမ်းချစ်တာပဲ ဒီကလေးလေးကို....

ကလေး Gucci Brand ကြိုက်တယ်ဆိုတာ Yoongi ကလေး IG Acc လေးကိုဝင်ကြည့်ရင်းကနေသိခဲ့ရသည်...Taehyungie ဆိုတဲ့ Acc လေးမှာ ကလေးကဘာမှမတင်ထားပေမယ့် ရေစိုနေတဲ့ထီးတစ်ချောင်းကိုဖွင့်ထားတဲ့ပုံလေးရယ်...ဟိုးအရင်ကဆိုင်ကိုယူလာဖူးခဲ့တဲ့ ခရမ်းရောင်ပန်းအိုးပုံလေးရယ် Gucci အိတ်ပုံလေးရယ်ပဲရှိသည်...အဲ...ပြီးတော့ ဝက်ဝံရုပ်ပုံလေးလည်းတင်ထားသေးသည်...ဒီတစ်ခါ V'Day ကျ ကလေးကိုအဲ့ဒီအရုပ်လေးပေးပြီး ချစ်ခွင့်ပန်ဖို့စဉ်းစားထားသည်....

"ကလေးကိုကိုယ်က အလုပ်ကြိုးစားလို့လက်ဆောင်ဝယ်ပေးချင်လို့ပါ..."

Taehyung မယူချင်ပါ...Gucci ဆိုတာဈေးကတော်ရုံမဟုတ်...Yoongi Hyg ဆီကလက်ဆောင်တွေယူရလောက်တဲ့အထိ Taehyung မဝံ့ရဲ...သူကဘာမလို့လဲ...Yoongi Hyg က သူ့အပေါ်အရမ်းကောင်းလွန်းသည်...

"Yoongi Hyg ကလည်း အလုပ်ကြိုးစားလို့ဆို ကျွန်တော်ပဲကြိုးစားတာမှမဟုတ်တာ ဆိုင်က အခြားဝန်ထမ်းတွေလည်း ....."

"ကျစ်...မတူဘူးလေကလေးရာ..."

Taehyung ကိုဇွတ်ဆွဲကာ ဆိုင်ထဲခေါ်လာရင်း Yoongi Hyg က ဖိနပ်စင်ဘက်ရောက်သွားကာ Taehyung နဲ့လိုက်မယ့်ဖိနပ်ကိုရွေးနေတော့သည်...

"ကလေး ဒါလေးစီးကြည့်..."

ဲဒီလိုနဲ့ Yoongi Hyg ကိုငြင်းမရမှန်းသိတာကြောင့် Taehyung အားနာတာနဲ့ Slipper ဂွင်းထိုးဖိနပ်လေးကိုသာရွေးချယ်မိသည်...Yoongi Hyg က ထိုဖိနပ်ကို ဆင်တူ ၂ ရံယူကာ  Gucci တီရှပ်ကိုလည်း ဆင်တူ ၂ ထည်ဝယ်ခဲ့သည်...

Taehyung တကယ်အားနာတာမလို့ Yoongi Hyg နဲ့အပြန်လမ်းမှာတိတ်ဆိတ်နေမိသည်...

"ကလေး ...ကိုယ့်ကိုအားနာနေတာလား..."

"ဟုတ်တယ် Yoongi Hyg...ကျွန်တော့်အပေါ်အဲ့လောက်ကောင်းကောင်းမဆက်ဆံပါနဲ့လား...တကယ်ကို..."

"ကိုယ့်ကို တစ်ရက်လောက်အချိန်ပေးမလား..."

"ဗျာ...."

💜 The Last Lover 💜 (Completed)Where stories live. Discover now