'အဆိပ်​​ဖော်​နည်း'ဆိုသည့်
စကားလုံးကြားသည်​နှင့်
Gua Yiတို့အုပ်​စုလည်း ဂနာမငြိမ်
ဖြစ်​လာသည်​။

လျန်​ကျွင်းသည်​ သူတို့ကိုငြိမ်​ငြိမ်​​နေရန်
လက်​​ဝေ့ယမ်းပြပြီး Phantom​ခေါင်း​ဆောင်​ကို
ကြည့်​လိုက်​သည်​။

"ကျုပ်​ အဲ့တာကို လို​နေတာသိတယ်​ဆို​တော့
ခင်​ဗျားက ဘာနဲ့အလဲအလှယ်​လုပ်​ချင်​လို့လဲ?"

"မင်းအကူအညီနဲ့အင်​အား"
Old Ghost မှုန်​​တေ​တေ​ပြောသည်​။

"ဒီနှစ်​​တွေထဲ အစိုးရက ​ပေါ်​ပေါ်ထင်​ထင်
မလှုပ်​ရှား​ပေမဲ့ သူတို့ဘာလုပ်​ချင်​မှန်း
အနည်းနဲ့အများ​တော့ ငါခန့်​မှန်းမိတယ်​။
ဒါ​ကြောင့်​ ငါမင်းနဲ့ပူ​ပေါင်းပြီး လွတ်​​မြောက်​မဲ့
လမ်းကို တူတူရှာချင်​တယ်​။အဲ့ဆရာဝန်​ရဲ့
တည်​​နေရာသတင်းအစအန​လေးတစ်​ခုက
မင်းဆီက​နေ မျက်​နှာသာရဖို့လုံ​လောက်​ပေမဲ့
ဒီလိုကိစ္စကြီးကြီးအတွက်​ကျ မရ​တော့ဘူး​လေ။
မင်း ငါ့ကိုစိတ်ရှိလက်ရှိ​​အကူအညီ​ပေးနိုင်​ဖို့ဆိုရင်
Nine Eaglesနဲ့ထိပ်​တိုက်​ရင်​ဆိုင်​ပြီး
ထိုက်​တန်​တဲ့အ​ပေးအယူကတ်​မျိုးရ​အောင်
လုပ်​ဖို့ စွန့်​စားရမှာပဲ"

Old Ghostမှာ တကယ်​ဉာဏ်​ထက်​​ကြောင်းကို
လျန်​ကျွင်းဝန်​မခံ၍မရ​တော့။ အစိုးရ၏
အ​မှောင်​ထဲကလှုပ်​ရှားမှုများကိုအ​ခြေခံပြီး
၎င်းပန်းတိုင်​ကို ​ကောက်​ချက်​ဆွဲနိုင်​ပြီး
Phantomကုန်​တွဲကို Annihilationနှင့်
တွဲချိတ်​ဖို့ ချက်​ချင်းဆုံးဖြတ်​လိုက်​သည်​။
ဒါ​ပေမဲ့လည်း တစ်​ခါတ​လေမှာ ဉာဏ်​​ပြေးတဲ့
လူ​တွေ​တောင်​ အဓိပ္ပါယ်​မရှိတာ​တွေ
လုပ်​တတ်​တာပဲ။

ဒီစကားဝိုင်းဆက်​​ပြောဖို့ မလိုအပ်​​တော့သဖြင့်
လျန်​ကျွင်းသည်​ ဝှီးချဲကို နည်း​နည်း​ရွေ့ကာ
Old Ghostကို ကြည့်​ပြီး ​ပြောသည်​။

"ဒီသတင်းအချက်​အလက်​ကိုမျှ​ဝေ​ပေးတဲ့
ခင်​ဗျားရဲ့​စေတနာကို အသိအမှတ်​ပြုပါတယ်​။
အ​ရှေ့တောင်​ဘက်​မှ ပိတ်​မိ​နေတဲ့
ခင်​ဗျားလူ​တွေကိုကယ်​ထုတ်​​နိုင်​မဲ့
နည်းလမ်းကိုရှာလိုက်​ဦးမယ်​...အာဏာပိုင်နဲ့
ဆက်​သွယ်​ဖို့လည်း ကူညီ​ပေးလိုက်​မယ်​။
ကျုပ်​အဲ့​လောက်​ပဲလုပ်​​ပေးနိုင်​မယ်​...
သူတို့ဆီက အကူအညီရမယ်​ မရဘူးကတော့
ခင်​ဗျားကိုယ်​ပိုင်​အရည်​အချင်း​ပေါ်ပဲ မူတည်​တယ်​"

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now