ဟု သူတွေးနေခဲ့မိသည်ပင်။

ဟယ်ကျစ်ရှုသည်ယခုကဲ့သို့နောင်တမျိုး တသက်လူံးရတော့မည်မဟုတ်ဟု ယခုထိတိုင်တွေးထင်မိနေဆဲ။သူနောင်တရခဲ့သည်က
ဆယ်စုနှစ်တစ်ခုအကြာကျန်းဝမ်ရွှီအားချစ်ခဲ့ခြင်းမဟုတ်ဘဲ သူ၏ အိပ်မက်များ နှင့် အလုပ်တို့ကိုစွန့်လွှတ်ခဲ့ရခြင်းကြောင့် ဟုသာ အကြောင်းပြချက်တစ်ခုအဖြစ် ဆုပ်ကိုင်နေခဲ့ခြင်းပင် ဖြစ်သည်။သူသည် ကျန်းဝမ်ရွှီအပေါ် အဆုံးစွန်ထိ တင်းကြပ်နိုင်သော စည်းမျဉ်းများကိူ မလျော့ခဲ့သင့်ဘဲသူနှင့်တန်းတူ အပြင်လောကမှာတော့
လူရာဝင်အောင်နေခဲ့သင့်သည်ပင်။
ယခုတော့မူနောင်တရလာသည့်စိတ်တို့က
အလုံးစုံ ပြည့်နှက်နေလျက်ဘဝကြီးကိုမူ
သူလုံးဝ လက်လျော့ရတော့မည်လားဟု
အထပ်ထပ်အခါခါပင် အဖြေမရှိသော မေးခွန်းများကို သူ့ဘာသာပြန်မေးနေခဲ့မိ
လေသည်။

မနေ့ကတနေ့လူံး အိမ်တွင်နေပြီး
နောက်ဆုံး၌ကျန်းဝမ်ရွှီသည်
အပြင်သွားရမည်ဖြစ်ကြောင်းပြောလာသည်။ သူပြောသည်က ကုမ္ပဏီ မှ Supervisorတစ်ယောက်က
အရေးကြီးသည်ဟုဆိုကာတွေ့ဆုံဖိူ့ခေါ်ခြင်းဖြစ်ကြောင်းဟုပင်။ကုမ္ပဏီ ကိစ္စများပြီးပြီးချင်း ပင် သူချက်ခြင်းပြန်လာခဲ့မည်ဟု လည်း
ကတိပေးလာလေသည်။

ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီအား
အပြင်ထွက်ခါနီးတွင်နက်ပြာရောင်မာဖလာတစ်ခုအား လည်ပင်းတွင်
ပတ်ပေးကာ ပြုံးပြလျက် နှုတ်ဆက်ရင်း

!မမိုက်စမ်းပါနဲ့ မင်းအအေးမကြောက်တာ
ငါသိပေမယ့်အပြင်မှာအရမ်းအေးနေတာ မင်းအအေးမိလိမ့်မယ်!

ဟုပြောလိုက်သည်။

ကျန်းဝမ်ရွှီသည် ကျစ်ရှု၏ ပါးပြင်အား
အနမ်းတပွင့်ပေးပြီးကားသော့ကိုယူကာထွက်သွားလေသည်။သူသည် အိုက်ကျိယွီ၏ အကြောင်းကို ပြသနာမရှာတော့
သော်လည်း ကျန်းဝမ်ရွှီ၏ စိတ်ထဲ၌ အခဲမကျေပုံရသေးနေသည်။

လသာဆောင်တွင် ဟယ်ကျစ်ရှုသည်
ကျန်းဝမ်ရွှီထွက်သွားသည်ကိုကြည့်ရင်း သက်ပြင်းချလျက်အိုက်ကျိယွီဆီ ဖုန်းခေါ်လိုက်လေသည်။

အိုက်ကျိယွီသည် ချက်ခြင်းပင်
ဖုန်းကိုင်လာခဲ့သည်။

!ဒေါက်တာအိုက် အခုအားလား!

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Donde viven las historias. Descúbrelo ahora