"အိပ်တော့မလို့ Jin လေးရဲ့..."
"အင်းအိပ်တော့ မွ..."
Namjoon နှုတ်ခမ်းပေါ်အနမ်းတစ်ခုပေးကာ ရင်ခွင်ထဲပိုတိုးဝင်အိပ်စက်လာတဲ့ချစ်သူလေး...Namjoon Jin ကိုယ်လေးကိုခပ်တင်းတင်းလေးပြန်ပွေ့ဖက်ကာ မျက်လုံးတို့ကိုမှိတ်ချလိုက်မိသည် ..
...မနက်ဖြန် ကောင်လေးသူ့ကိုလာမရှာပါစေနဲ့ ...
Unicode....
Namjoon ကားနောက်ကြည့်မှန်ထဲကနေ ကောင်လေးကိုတွေ့လိုက်သည် ...ကောင်လေးကိုရှောင်နေတာအကောင်းဆုံးဖြစ်မယ်လို့ စဉ်းစားပြီးနောက် သူရှိရာဆီမျက်နှာငယ်လေးနဲ့လှမ်းကြည့်နေတဲ့ မျက်နှာလေးကို ဥပေက္ခာပြုထားမိသည်...
သန်ဘက်ခါ Jin ပြန်လာတော့မှာမလား...သူ့မွေးနေ့ဆိုတော့ ခနပြန်လာတဲ့ Jin ကိုစိတ်အနှောင့်အယှက်တွေမဖြစ်စေလိုပါ...ကောင်လေးကသူ့ဆီလာမလို့ဟန်ပြင်ပြီးမှ ထွက်ခွာသွားသည်...Namjoon ထိုကျောပြင်လေးကို ကားကူရှင်ပေါ်ခေါင်းကိုမှီချပြီးကြည့်နေမိသည်...
...မထိခိုက်စေချင်လို့ပါ ကလေးငယ်...
Taehyung အိပ်ယာထက်ခွေနေမိသည် ...Hyg ဆီကသိသိသာသာလျစ်လျူရှုခြင်းတွေကို ခံနိုင်ရည်မရှိပေ...သန်ဘက်ခါ Hyg မွေးနေ့ရောက်တော့မည်...မွေးနေ့လက်ဆောင်ကို ဘာလေးပို့ပေးရမလဲစဉ်းစားနေမိသည်...လက်ဆောင်စဉ်းစားလို့ရတောင် ရှောင်နေတဲ့ Hyg ကိုဘယ်လိုသွားပေးရမှာလည်းလေ...
....Whenever you go.....
Taehyung ph မြည်လာတာကြောင့် ကြည့်လိုက်တော့ no စိမ်းတစ်ခု....
"Hello..."
"Taehyung ကိုယ် Min Yoongi ပါ"
"အာ Yoongi Hyg..."
"မှတ်မိတယ်လား...."
"ဟုတ်ကဲ့....Yoongi Hyg ပဲဆက်ဖို့ရှိတာလေ"
ကလေးဆီကစကားလေးကြောင့် Yoongi ကျေနပ်သွားရသည်...ကလေးမှာချစ်သူမရှိသေးဘူးပဲ...ဒါဆို သူကြိုးစားခွင့်ရှိသေးတာပဲ....
"မနက်ဖြန်အလုပ်စဆင်းနိုင်မလား..."
Taehyung ပျော်သွားရသည် ..သူသင်တန်းတက်ခွင့်ရတော့မည်...
"ရတာပေါ့ မနက်ပိုင်းလား ညပိုင်းလား Yoongi Hyg..."
"အဲ့တာပြောချင်လို့ အချိန်ပိုင်းဝန်ထမ်းမဟုတ်ဘဲ အမြဲတမ်းဝန်ထမ်းလုပ်မလား Taehyung..."
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...
Part-6
Start from the beginning
