"ပန်းဆိုင်တော့သွားစရာရှိတယ် ဘာဖြစ်လို့လဲ Yoongi Hyg...."

"အာ....ဘာမှမဟုတ်တော့ပါဘူး ဒါဆိုမနက်ဖြန်မှတွေ့မယ်လေ...အလုပ်ဆင်းတော့နော် Taehyung..."

"ဟုတ်ကဲ့..."

Taehyung စက်ဘီးလေးစီးကာ ထွက်သွားတာကို Yoongi အပေါ်ထပ်ဝရံတာနားမှာပဲ ရပ်ကြည့်နေမိသည်....Taehyung နဲ့ အလုပ်ရှင်အလုပ်သမားဆက်ဆံရေးမျိုးကို သူမလိုချင်...အဲ့ဒီကလေးနဲ့နီးစပ်အောင်သူဘာလုပ်ရမလဲ....Yoongi သက်ပျင်းတွေသာချနေမိတော့သည်....

Taehyung ပန်းဆိုင်လေးဆီရောက်တော့ ညနေ ၅ နာရီ....Hyg ကိုမွေးနေ့လက်ဆောင်ပေးဖို့ ပန်းအိုးလေးတစ်အိုးဝယ်လိုက်မိသည်....

....Hyg ကြိုက်လောက်ပါရဲ့....

Taehyung အိမ်အပြန်လမ်းမှာ သူ့နောက်တစ်ယောက်ယောက်လိုက်နေသလိုခံစားရသည်....လှည့်ကြည့်တော့လည်းဘယ်သူမှမရှိပေ...Taehyung လည်းစိတ်ထင်လို့ပါဟုသာတွေးရင်း အမြန်ပြန်လာခဲ့တော့သည်....

....Happy Birthday ပါ Hyg...မွေးနေ့မှစနောင်နှစ်ပေါင်းများစွာအထိ အခုလိုလေးပဲပျော်ရွှင်နေနိုင်ပါစေ....

ည ၁၂ နာရီ တိတိမှာဝင်လာတဲ့ Message ကို Namjoon ဖတ်လိုက်ပြီး တန်းဖျက်လိုက်မိသည်.... ဘေးနားမှာသူ့ကိုဖက်ကာအိပ်မောကျနေတဲ့ Seokjin လေးကိုကြည့်မိတော့ ကောင်လေးအပေါ်အပြစ်ရှိသလိုခံစားရသည်....ညနေ လေယျာဉ်နဲ့ပြန်လာတာမလို့ Seokjin လေးကိုသွားကြိုရင်း ကောင်လေးရှိနေတဲ့ တစ်ဖက်က Cafe ကိုမကြည့်မိအောင်နေနေရသည်...

Namjoon သိတာပေါ့ ကောင်လေးဟာသူနဲ့စတွေတဲ့နောက်ရက်ကစပြီး တစ်ဖက်ဆိုင်ကနေ သူ့ကိုလာလာကြည့်တတ်တာကို...Namjoon စာတွေမပြန်လည်းတစ်ရက်မပျက်ပို့လာတတ်တာကို ..အခုလည်း Namjoon ရှောင်နေမှန်းသိလို့ အဝေးကနေပဲသူ့ကိုငေးနေတတ်တာကို....

သူ့မှာချစ်သူရှိတယ်လို့ ကောင်လေးသိသွားရင် ကောင်လေးသူ့ကိုနာကျည်းသွားမှာလား...သေချာတာကတော့ Jin နဲ့ ကောင်လေးကိုမဆုံစေချင်ပါ...ကောင်လေးခံစားရမှာကိုသူတကယ်ကြောက်မိပါသည်...

"Joon ခုထိမအိပ်သေးဘူးလား..."

ရင်ခွင်ထဲကလူးလွန့်လာတဲ့အသံလေးကြောင့် Namjoon  Jin နဖူးလေးကိုနမ်းရင်း...

💜 The Last Lover 💜 (Completed)Where stories live. Discover now