"Taehyung အတွက် Uniform"
အကျီအဖြူနဲ့စတိုင်ပန်အနက်ရောင်ဝတ်စုံကိုထုတ်စေကာ Taehyung ကိုအဝတ်သွားလဲစေသည်....အဝတ်လဲပြီးထွက်လာတဲ့ Taehyung ကို Yoongi Hyg က သေချာစိုက်ကြည့်နေရင်း
"Perfect ..."
Yoongi Hyg စကားကြောင့် Taehyung လည်ပင်းလေးပွတ်ကာရယ်နေမိသည်....
"ကျေးဇူးပဲ Hyg...ဒါဆို ကျွန်တော်အလုပ်သွားလုပ်တော့မယ်နော်"
"ကောင်းပြီ Taehyung...."
Yoongi ရဲ့အပြုံးလေးတွေမှာ မရပ်တန့်တော့ပေ...Taehyung နဲ့ဆိုအမြဲပြုံးနေတဲ့ သူတို့သူဌေးကို ဝန်ထမ်းတွေက မသိမသာအကဲခတ်ရင်း အံ့သြနေကြသည်....သူတို့စိတ်ထဲမှာ Taehyung ကိုအရေးပေးဆက်ဆံဖို့လည်းတွေးထားမိလေသည်....
ညနေထိ တစ်နေကုန်ဆိုင်ကလူမပြတ်တာမလို့ ပထမဆုံးရက်မှာပင်ပန်းနေတဲ့ Taehyung က ဆိုင်အပေါ်ထပ်ကမှာတာတွေပို့ပေးရင်း ဝရံတာလေးမှာ ထိုင်နေမိသည်....
လမ်းတစ်ဖက်က Hyg ရဲ့ Studio ကိုရှင်းရှင်းလင်းလင်းမြင်ရတာကြောင့် Taehyung လှမ်းကြည့်တော့ ရေးကြီးသုတ်ပျာထွက်လာတဲ့ Hyg...
စကားလည်းမပြောဖြစ် Ph လည်းမဆက်ကာ လူချင်းလည်းမတွေ့မိတဲ့ Hyg က မမြင်ရတဲ့ရက်တွေအတွင်းသိပ်ကိုချောမောပါရဲ့....
Ph ပြောနေရင်း ကားမောင်းထွက်သွားတဲ့ Hyg မှာအရေးကြီးကိစ္စတစ်ခုခုရှိပုံရသည်...ph ပြောပြီးမှ ကားမောင်းတာမဟုတ်ဘူး Hyg ရယ်....Taehyung စိတ်ပူနေမိသည်...ညနေဆို ဆိုးလ်မြို့က လူအရမ်းရှုတ်ပါသည် ....
"Taehyung...."
Yoongi ထိုကလေးလိုက်ကြည့်နေတဲ့နေရာကိုကြည့်မိတော့ ကားတစ်စီးကိုအနောက်ပိုင်းပဲမြင်လိုက်ရသည်...ဘာတွေအဲ့လောက်စိတ်ဝင်စားနေပါလိမ့်...
"အော် Yoongi Hyg..."
"ရော့ ဒီနေ့ ပထမဆုံးအလုပ်စဆင်းတာမလို့ ..."
Taehyung လက်ထဲထည့်ပေးလာတဲ့စာအိတ်အဖြူလေး...
"အာ နေပါစေ Yoongi Hyg ရဲ့ အားနားစရာကြီး..."
"အားနာစရာမှမဟုတ်တာ Taehyung ရဲ့ ယူပါ...နောက်မှ Hyg ကို ထမင်းလိုက်ကျွေးပေါ့..."
"ဟုတ်ကဲ့...."
"Taehyung အလုပ်ဆင်းရင် ဘယ်သွားစရာရှိသေးလဲ"
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...
Part-6
Start from the beginning
