" ကိုယ် သဘောပေါက်ပြီ... အခုလို ကိုယ့်ကို ကြိုးစား ကာကွယ်ပေးလို့ ကျေးဇူးပါ... "

ထိုသို့ဆိုပြီးနောက်တွင် လုပေရွှမ်းသည် ရီကျန်းရဲ့လက်ကို လွှတ်ပေးလိုက်ပြီး ရှန်ဝေ့ရင်းရှိရာဘက်သို့ ထွက်သွားတော့သည်... လုပေရွှမ်းက ရှန်ဝေ့ရင်းနှင့် ခေတ္တာမျှစကားပြောပြီးချိန်တွင် ရှန်ဝေ့ရင်းရဲ့မျက်နှာဟာ သိသိသာသာပျက်ယွင်းလာခဲ့လေတယ်...  သို့သော် သူမဘေးတွင် ဧည့်သည်များစွာရှိနေသေးတာကြောင့် သူမဟာ လုပ်ပြုံးတစ်ခု ပြုံးထားရပေ၏...

လင်မယားနှစ်ယောက်ကြားထဲသို့ နောက်ထပ်မိန်းမတစ်ယောက် ဝင်ဖို့ကြိုးစားလာတာက အရေးမကြီးပေ... တကယ်အရေးကြီးသည်က ယောက်ျားဖြစ်သူက သူ့အား လာစနိုက်ချင်သည့်မိန်းမကို ဘယ်လိုပြန်တုန့်ပြန်မည်ဆိုတာပင်...

ရီကျန်းသည် သူမနှင့် မလှမ်းမကမ်းတွင် ရှိသောလုပေရွှမ်းနှင့်ရှန်ဝေ့ရင်းတို့ဘက်သို့ တစ်ချက်လှည့်ကြည့်ပြီးနောက် အကြည့်ကို ချက်ချင်းပြန်လွှဲလိုက်ပေသည်... သူမသည် လက်ရှိတွင် လုပေရွှမ်းအတွက် စိတ်ပူစရာ မလိုသေးသည်ကို သူမ သိနေပြီးသားဖြစ်လေတယ်...

" ကျန်းကျန်း... ပြန်လာပြီပဲ " အမေလုက ထိုသို့စကားချီလိုက်ကာ ရီကျန်း၏နောက်သို့ လှမ်းကြည့်လိုက်ပြီး " ဝေ့ရင်းရော?? "

ရီကျန်းက ပြန်မဖြေခင်တွင် လုပေရွှမ်းက သူမရဲ့ခါးကို ပွေ့ဖက်လိုက်ရင်း " မစ္စရှန်က နေသိပ်မကောင်းချင်လို့ အိမ်စောစောပြန်သွားပါပြီ... "

အမေလုသည် ရှန်ဝေ့ရင်း ထိုသို့အမြန်ပြန်သွားခြင်းကို အံ့သြသွားသော်လည်း ဘာမျှထပ်မ​မေးတော့ပေ...
" Aww  အဲ့လိုလား... ထားပါတော့လေ... သားပေရွှမ်း... သခင်ကြီးရှန်ဆီသွားပြီး နှုတ်ဆက်လိုက်ပါအုံး... အမေတို့က ဧည့်ဝတ်ကျေဖို့ လိုအပ်သွားရင် စိတ်ထဲမထားပါနဲ့လို့ "

လုပေရွှမ်းဟာ သူ့အမေကို ခေါင်းညိမ့်ပြပြီးနောက် သခင်ကြီးရှန်ဆီ ထွက်မလာခင် ရီကျန်းကို တစ်ခုခုကို တီးတိုးပြောလိုက်သေးသည်...
~~~~~~~~~~~~~~~~
တစ်ဖက်တွင်တော့ သခင်ကြီးရှန်ဟာ အဖိုးလုနှင့် စကားလက်ဆုံကျလို့နေလေတယ်... ထိုချိန်တွင် လုပေရွှမ်းဆီမှ စကားကို ကြားလိုက်တဲ့အခါ သခင်ကြီးရှန်ဟာ ချက်ချင်းထရပ်လိုက်လေ၏...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now