နိဒါန်း-နိဒါန္း

2.4K 203 43
                                    

Uni
" Happy Birthday တိမ်ငယ် ဘယ်လိုလဲ ထိပ်စီးတောင်ပြောင်းသွားပြီနော် မောင့် သဲပေါက် "

သူ့ရှေ့ကို ကိတ်မုန့်လေးယူလာကာ ရွှတ်နောက်နောက်ပြောနေတဲ့ မောင့်ကို ဆော့ဂျင် စူးစိုက်ကြည့်လိုက်သည်။

" ငါ မင်းကို ပြောစရာရှိတယ် "

ပြုံးနေတဲ့ မောင့်မျက်နှာက ခဏတာတွေဝေသွားပြီးမှ.....

" ပြောစရာရှိရင် နောက်မှပြော အခုတော့ ဖယောင်းတိုင်မီးမှုတ်လိုက်ပါဦး မွေးနေ့ရှင်ကြီးရဲ့ "

" ငါတို့ လမ်းခွဲရအောင် "

ကိတ်မုန့်ကိုင်ထားတဲ့ မောင့်လက်တွေ တုန်ရီသွားတာ သူမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။

တုန်ရီနေတဲ့ လက်တွေနဲ့ ဆန့်ကျင်စွာပင် မောင်က သူ့ကိုပြုံးရင်း မော့ကြည့်ရှာသည်။

" ကိတ်ကို တိမ်ငယ်သဘောကျတဲ့ ချောကလတ်အရသာလေးလုပ်ပေးထားတာသိလား "

" ငါပြောနေတာကို အာရုံစိုက်စမ်း Nature "

အင်း Nature မောင်နဲ့စတွေ့ထဲက သူသိခဲ့တဲ့ တစ်ခုတည်းသော နာမည် လေး။

သဘာဝတရားကို မြတ်နိုးတဲ့မောင်ဟာ သူ့ကိုယ်သူ nature တဲ့လေ။

ထိုထက်လည်း မောင့်အကြောင်းတွေ သူပိုမသိတော့ ယုတ်စွအဆုံး မောင့်ရဲ့ နာမည်အရင်းကိုတောင် သူသိခွင့်မရခဲ့။

" ကိတ်ကို သဘောမကျလို့လားဟင် ဒါဆို ခဏနော် မောင် တိမ်ငယ့်ကို ပြစရာရှိတယ် "

လက်ထဲက ကိတ်မုန့်လေးကို ဘေးနားမှာရှိတဲ့ စားပွဲပေါ်အသာတင်လိုက်တဲ့ မောင်က သူ့ရဲ့ လမ်းခွဲစကားကို လုံးဝ လျစ်လျူပြုထားဟန်။

ထို့နောက်မှာ မောင်က ဘောင်းဘီအိပ်ကပ်ထဲက အနက်ရောင်ဘူးလေးတစ်ခုကိုဆွဲထုတ်သည်။

" တိမ်ငယ့် အတွက် မွေးနေ့လက်ဆောင်လေ မောင် ဆွဲကြိုးလေးပဲ လုပ်လိုက်တယ် တိမ်ငယ် သဘောကျမယ်လို့ထင်ပါတယ် "

မောင့်လက်ထဲမှာရှိနေတာက ငွေရောင် ပလက်တီနမ် ဆွဲကြိုးမျှင်မျှင်လေး နဲ့

တိမ် ပုံစံ လော့ကတ်အပြားလေး။

" မောင်ကိုယ်တိုင် design ဆွဲထားတာလေ "

တိမ်ငယ်-တိမ္ငယ္(uni>zawgyi)complete Where stories live. Discover now