ယင်းလန် မကျေနပ်တဲ့အကြည့်ပို့လိုက်ရင်းသူမအဆောင်ကိုပဲဦးတည်လိုက်တော့တယ်

မန်မန်ကတော့ သူမရဲ့ မင်းသမီးပျောက်သွားတာကြောင့် ခေါင်းမီးတောက်နေရှာတယ်
ယင်းလန်ကိုလည်းမြင်ရော

မင်းသမီး.....မင်းသမီး တော်သေးတာပေါ့
မန်မန်ကတစ်ခုခုများဖြစ်သွားပီလားလို့
နောက်ဆိုမန်မန်ပါမှ ဘယ်နေရာမဆိုသွားပါနော်

ယင်းလန် သူမကိုအလွန်အမင်း စိတ်ပူနေရှာတဲ့မန်မန်ကြောင့်စိတ်မကောင်းဖြစ်မိတယ်
သူမ မန်မန်ကိုဒုက္ခပေးမိပီပဲ
ဒါကြောင့်
သူမခေါင်းကိုအသာငြိမ့်ပြလိုက်တယ်


တစ်ဘက်ကလျန်းချီ တစ်နည်း လျန်းယွီ
ကတော့
သူမရဲ့ လျို့ဝှက်ချက်ကို သိနေတဲ့ ယင်းလန်ကိုဘယ်လိုအပြတ်ရှင်းရမလဲ တွေးနေရှာတယ်
သူမနှစ်ပေါင်းများစွာ ပင်ပန်းခံ စောင့်ဆိုင်းခဲ့တဲ့ဒီအချိန်လေးက
အဲ့ဒီ့ယင်းလန်ဆိုသည့် မိန်းမကြောင့် ပျော်ရွင်ကြည်နူးဖွယ်မဖြစ်ခဲ့
ထို့အတူ ထန်ဖုန်းကလဲသူမ ရဲ့ထိတ်လန့်နေမူကိုနှစ်သိမ့်ပေးဖို့ ရှိနေပေမယ့် တစ်ခုခု ထူးဆန်းနေသည်
ဒါပေမယ့်လည်း ချစ်သူတို့၏ ထုံးစမ်းအတိုင်း
အချိန်အနည်းငယ်အကြာမှာတော့
သူမတို့နှစ်ယောက်အိပ်ယာပေါ်မှာ အချစ်တွေဖွင့်ဟနေသည်လေ

ယင်းလန်အဆောင်ကိုရောက်ရောက်ချင်း
ရှောင်းနဲ့အဆက်အသွယ်ပြန်ရခဲ့သည်

host အဆင်ပြေရဲ့လား ဟိုဝမ်ရယ် hostကို
ဘာလုပ်သေးလဲ

ရှောင်းနင်ပေါ်လာသေးတယ်နော်
ငါဝမ်ရယ်ဆီရောက်တော့ နင်နဲ့ဆက်သွယ်တာ လုံးဝမရဘူး ဘာလို့လဲ

အာ....ဒီလိုhost ကျတော်လည်းအဲ့ဒါကိုမသိဘူး ဝမ်ရယ်ဆီ host လည်းရောက်ရော
ကျတော် hostကိုစကားပြောလို့မရတော့ဘူး

အင်း..နင်သိတာကောရှိသေးလား
ဝမ်ရယ် သူကလူတော့ဟုတ်ပါတယ်နော်
ငါသူ့စိတ်ကိုဖတ်လို့မရဘူး ပီးတော့အဲ့ဒီ့အဆောင်ထဲရောက်သွားတာနဲ့ ငါ့အစွမ်းတွေသုံးလို့မရတော့သလိုဘဲ
သူ့ရဲ့အချက်အလက်တွေကိုပြန်ကြည့်ကြည့်ပါလား

villain systemWhere stories live. Discover now