ကိုယ်တော်မေးချင်တာ မင်းဘာကြောင့်
ကိုယ်တော့်အဆောင်ကိုလာရတာလဲ

အင်း...ကျမ လမ်းပျောက်သွားတာ

"ထန်ရန် သူမရဲ့အဖြေကြောင့် သူ့ကိုယ်သူ
ပြန်တွေးမိသည်
သူက ကြီးမြတ်တဲ့ဝမ်ရယ်တစ်ယောက်ပါ
ဒါပေမယ့် ဒီမိန်းကလေးက ဘာကြောင့်သူ့ကို
နောက်ပြောင်နေတယ်လို့ခံစားမိပါလိမ့်
သူ့ကိုလေ
သူငယ်ငယ်တည်းက လူတွေနဲ့ဆက်ဆံရတာကိုမနှစ်မြို့
သူ့ကိုအထူးအဆန်းတစ်ယောက်လိုဆက်ဆံကြသည်လေ
စိတ်ထဲကမပါတဲ့ အတုအယောင် စကားတွေ
သူ့အပေါ် သူတို့ကြီးပွားဖို့အမြတ်ထုတ်ချင်နေတဲ့သူတွေကြောင့်ပေါ့
ဒါကြောင့် ဘယ်သူမှသူ့ကိုမစော်ကားရဲအောင်သူနေထိုင်ခဲ့သည်
ဟန်တစ်ယောက်ကိုပဲသူ့နားမှာ ထားခဲ့သည်

နန်းတွင်းရေးလည်းသူဝင်မစွက်ဖက်ချင်

ဒါပေမယ့်သူ့ရှေ့ကဒီမိန်းကလေးကမတူ
သူမရဲ့သူ့အပေါ်အပြုအမူတွေက
ရိုးရှင်းသည် လိမ်ညာမနေ
သူမသူ့ကိုမနှစ်မြို့ကြောင်း လည်းဖော်ပြရဲသည်
သူမရဲ့အတွေးတွေနဲ့ကော"
(ကဲဘယ်လိုထင်လဲ ဝမ်ရယ်ကလည်း
လူတွေရဲ့အတွေးကိုဖတ်နိုင်နေတာလား🤔🤔)

"ယင်းလန်တစ်ခုတော့ မှန်းမိသည် ဝမ်ရယ်က
လူမဟုတ်လောက်ဘူးလားလို့
သူက သွေးဆာနေတဲ့မကောင်းဆိုးဝါးလည်းဖြစ်နိုင်တယ်လေနော်
ဒါပေမယ့်ဘာလို့များ ငါကသူ့စိတ်ကိုမဖတ်နိုင်တာလဲ ငါ့အစွမ်းတွေပျောက်ကုန်တာများလား "

အခုကော မင်းအဆောင်ကိုပြန်ဖို့လမ်းရှာတွေ့ပီလား
ဟန် သူမကို အပြင်ကိုလိုက်ပို့လိုက်ပါ

"ဟမ်....ငါ ဒီလောက် ဆွနေတာကို အကွက်ထဲကိုမဝင်လာပါလား
မဟုတ်မှ ငါထင်သလို ဝှက်ထားတာတစ်ခုခုရှိလို့ ငါ့ကိုပြန်လွတ်နေတာများလား"

ယင်းလန် တွေးရင်းပင် အဆောင်နောက်ဘက်ကိုပြေးဝင်ဖို့စဥ်းစားလိုက်ပေမယ့်
ဟန်ဆိုတဲ့သကောင့်သားကြောင့် သူမလေထဲမှာယက်ကန်ယက်ကန်ဖြစ်သွားရသည်

ဟန်ကသူမကိုဆွဲထုတ်လာရင်း

မင်းသမီး ယောကျာ်း နှစ်ယောက်ရှိနေတဲ့
အဆောင်ထဲကို ထိမ်မြားပီးတဲ့မိန်းကလေးတစ်ယောက်အနေနဲ့မဝင်သင့်ပါဘူး
မင်းသမီးအနေနဲ့ ဂုဏ်သတင်းထိခိုက်နိုင်သလို ဝမ်ရယ်အတွက်လည်းမကောင်းပါဘူး
ကျေးဇူးပြု၍ ကိုယ့်အဆောင်ကိုပြန်ဖို့ ပြောချင်ပါတယ်

villain systemWhere stories live. Discover now