ကျန်းဝမ်ရွှီသည် အမှန်တကယ်တော့ အခုအချိန်တွင်ဆက်ဆံရန် မရည်ရွယ်ခဲ့ပေ။
အကြောင်းမှာသူသည် ယခင်ရက်တွေကပင်
သူ့ချစ်သူအသစ်ဖြင့် များစွာဆက်ဆံထားပြီးသောကြောင့်ဖြစ်သည်။သို့သော် သူ့သဘောအတိုင်းသာအမြဲလိုက်နာလေ့ရှိပြီး အလွန်နှစ်သက်ဖွယ်ကောင်းသော
ကျစ်ရှုသည် သူ့အား စကားမပြောဘဲ
တဖက်လှည့်ကာအိပ်နေသောကြောင့်
ပြန်လည်နွေးထွေးစေရန် အတွက်သာဖြစ်သည်။သို့သော် ကျစ်ရှု၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသောအခါအလွန်ပင်စိတ်ပျက်သွားလျက်

!မင်း ဒီရက်တွေမှာ ငါ့ကို နည်းနည်းလေးတောင်မလွမ်းဘူးလား!

ဟုပြောကာသူ၏ မျက်နှာမှာအလိုမပြည့်မှုများကြောင့်အနည်းငယ်မဲမှောင်လာလေသည်။

ကျစ်ရှုသည် သူ့ကိုကျောခိုင်းကာ တစ်ဖက်သို့ပြန်လှည့်သွားလေသည်။ထိုမှတစ်ဖန် သူ့ဘက်ကို ပြန်လှည့်လာပြီးသူ့ဘေးတွင်ရှိသော မီးအိမ်ကို လှန်းပိတ်ရင်းဖြင့်
ပြန်လည်ကျောခိုင်းသွားလျက်ပင်

!ငါအအေးမိနေတယ် ငါအရမ်းပင်ပန်းပြီးအိပ်ချင်နေတယ်မင်းလည်း အေးဆေးအိပ်တော့ ငါ့ကိုထပ်ပြီးပင်ပန်းအောင်
လာမလုပ်နဲ့!

ကျန်းဝမ်ရွှီသည် ကျစ်ရှု၏ တစ်ခုခုကိုဖုံးကွယ်ထားဟန်ရှိသောပုံမှန်မဟုတ်သည့်အပြုအမူများကြောင့်တကယ်ပင်စိတ်မသက်မသာဖြစ်နေလေသည်။
သို့သော် ဟယ်ကျစ်ရှုသည် ပုံမှန်အတိုင်းဆိုလျှင် လည်းစကားအများကြီးပြောလေ့ရှိသူမဟုတ်သောကြောင့်
ဖြစ်ပြီး သူ၏ ခံစားချက်များကို
တခါတရံမှသာထုတ်ဖော်ပြလေ့ရှိသူဖြစ်သောကြောင့်မှတ်ချက်ချရန်မှာ
လွန်စွာခက်ခဲလျက်ရှိနေသည်။

ထိုမျှမကသေး သူသည် ဒီရက်အတောအတွင်းရက်ပေါင်းများစွာ
အိမ်မှာရှိမနေခဲ့ခြင်းတို့ကြောင့်
ကျစ်ရှုကိုစွပ်စွဲရန်အနေအထားက
သူ့ဖက်တွင်ရှိမနေပေ။ထို့ကြောင့် နောက်ဆုံးတွင် စိတ်မသက်မသာဖြစ်လျက်အိပ်လိုက်ရန်သာ ဆုံးဖြတ်ခဲ့လေသည်။

ဟယ်ကျစ်ရှုမှာမူ အမှောင်ထဲတွင်အိပ်မပျော်သေးဘဲရှိနေသည်။သူသည် ဆယ်ရက်ကျော်ကြာ အိပ်မပျော်မှုများကြောင့် ပင်ယခုတွင် ခေါင်းကိုက်သောဝေဒနာ ကိုခံစားနေရဆဲ ဖြစ်သည်။ကျန်းဝမ်ရွှီ ပြန်လာချိန်တွင် အနည်းငယ်မျှ သက်သာမှုရလိမ့်မည်ဟု မျှော်လင့်မိသည်။သို့သော် ထိုသူသည် သူ့အတွက်သူ၏ စိတ်ကို ညှင်းပန်းနှိပ်စက်သော
အခြေအနေတစ်ခုအဖြစ်သာရောက်ရှိလာခဲ့သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now