09

1.2K 225 37
                                    

[UNICODE]

Albumထွက်ဖို့ရက်က
ကြိုတင်ကြေညာပြီးသားဖြစ်တာကြောင့်
အချိန်မီ မပြီးမစီး မှာ ဖြစ်စေ
မြန်မြန်ကြီး လုပ်လိုက်ရလို့
ကောင်းကောင်းမွန်မွန်ထွက်မလာတာဖြစ်စေ
ဘယ်လို အခြေအနေမျိုးကိုမှ
သူသဘောမကျ။
ထို့ကြောင့်
နောက်ကျသွားတဲ့ MVရိုက်ကွင်းကို
ဖြစ်နိုင်လျှင် မြန်မြန်လေးရိုက်ချင်သည်ဟု
Min Yoongi ကဆိုသည်။

မနက်ဖြန်ပဲ အချိန်ရလား
မေးတော့
Jiminလည်း အလုပ်မရှိသည်နှင့်
ခေါင်းညိတ် လိုက်သည်၊

လောလောဆယ်တော့
သူအသစ်ရိုက်ရမည့်Dramaသည်
အဓိကဇာတ်ဆောင်တွေပါဝင်သည့်အခန်းအား
ဦးစားပေးရိုက်ဖို့အရင်
အချိန်ဇယား ဆွဲထားပြီး ဖြစ်သည့်အတွက်
ရိုက်ကူးရေး ကို Jimin အနေနှင့်
joiinဖို့မလိုအပ်သေး။

လောလောလတ်လတ် တက်သစ်စလေး
တစ်ယောက်မို့ agency က
စီစဥ်ပေးသည့် အလုပ်ကလွဲ
သီးသန့်ကမ်းလှမ်းလာခြင်းခံရသည့်
အလုပ်လည်း သိပ်မရှိသည့်အတွက်
သူအားနေသည်ဟုပင်ဆိုရမည်ပေါ့ ။

'ဟုတ် ရပါတယ် မနက်ဖြန် အလုပ်မရှိပါဘူး '
ဟု Jiminချက်ချင်း ပြန်ဖြေသည်ကို
ကြားကြားချင်း  Yoongiက
သဘောတကျရယ်မိသည်။

'အဲ့လောက်ရိုးရိုးသားသားလေး မပြောနဲ့ ကောင်လေးရဲ့ နည်းနည်းလောက် စဥ်းစားချင်ယောင်ဆောင် အလုပ်များချင်ယောင်ဆောင်ရတယ် ဒါမှ မင်းကို တဖက်က လေးလေးစားစား နဲ့ ဆက်ဆံမှာပေါ့'ဟု
သေချာပြောပြရသည်။

မတတ်နိုင်ပေ ။
ဖြူဖြူစင်စင်ကောင်လေးကို
သူနည်းနည်းလောက်အာရုံစိုက်ပြီး
တွေးပေးမိသည်။

ဒီလိုလေး ရိုးသားတတ်တဲ့စိတ်ကလေးနဲ့
ကလေးပေါက်စသည် ရှုပ်ထွေးပွေလီ တဲ့
အနုပညာနယ်ပယ်နှင့် တကယ်မအပ်စပ်လှ။

ထို့နောက်တွင်တော့ Min Yoongiက
ရိုက်ကူးရေးအတွက် အဆင်ပြေအောင်ဟုဆိုကာ
ဆက်သွယ်ရမည့် ဖုန်းတောင်း၍
Jiminသူနှင့် အပြန်အလှန် ဖုန်း နံပါတ်ချင်းလဲပြီး
အိမ်ပြန်လာခဲ့သည်။

သူမမေ့မလျော့ပင်
အိမ်ရောက်ရောက်ချင်း
Eun Seok Hyungကို ဆက်သွယ်ပြီး
ရိုက်ကူးရေးအကြောင်း ပြောပြလိုက်သည်။

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now