[UNICODE]
' OK .Cut!
စိတ်တိုင်းကျ သွားသည့်ဟန်နှင့်
အော်ပြောလိုက်သည့် ဒါရိုက်တာကြီး
၏စကားအဆုံးမှာ ပြန်လည်အသက်ဝင်ရင်း
ဆူညံလှုပ်ရှားသွားတဲ့ ရိုက်ကွင်းနေရာ ။'ဆယ်မိနစ်နားပြီးရင် ပြန်စပါမယ်'
ရိုက်ကူးရေးstaff ဆီက အော်သံကို
နားထောင်ပြီး နောက်မှာတော့
ပင်ပန်းနေဟန်ပေါ်သည့်
ခပ်ချောချောလူရွယ်သည်
ထောင့်နားက ထိုင်ခုံများချထားရာနေရာသို့
လျှောက်လာသည်။သူထိုင်ခုံမှာ ထိုင်ချလိုက်ပြီးနောက်
ရေဘူးယူသောက်ရင်း
ဘေးနားမှာ ပျင်းရိပျင်းတွဲ ထိုင်နေတဲ့
ကောင်လေး ဆီ အကြည့်ရောက်သွားသည်။**ပျင်းနေပြီလားJimin**
**နည်းနည်း**
**အဲ့တာများ ဘာလို့ အိမ်မပြန်လဲ ဘာမှမရိုက်ရဘဲဒီအတိုင်းနေနေရတာကို အခုက**
**Eun Seok hyungကခဏနေမှလာကြိုမှာ သူတခြားအလုပ်ရှိလို့ တနေရာသွားတယ် .. ရပါတယ် Hyungနဲ့ Noona ကိုဘေးကနေကြည့်နေတာပဲ ကျွန်တော်ကြည့်ပြီး သင်နေတာပါနော် **
**အေးပါ... ဒါနဲ့မင်းနဲ့ ဟိုတစ်ယောက်..**
မျက်စိထဲ ဝင်လာတဲ့
ဒါရိုက်တာ ကြီးဘေးနားက ပုံရိပ်ကြောင့်
Jimin အမြင်မှားနေတာလား ဇဝေဇဝါ ဖြစ်သွားရင်း
သေချာလိုက်ကြည့်ဖို့ကြိုးစားလိုက်သည်။
Yoongi hyung?**အိုး Jae Min hyung ခဏလေးနော် **
စကားပြောရင်းတန်းလန်းနှင့်
လေအိုး အစ်ကိုကြီးကို
သူပစ်ထားခဲ့ပြီး
တစ်နေရာကို အပြေးလေးသွားလိုက်သည်။ဒါရိုက်တာလီနှင့် စကားပြောနေတုန်း
အနားကပ်လာတဲ့ အရိပ်လေးကို
မြင်သော Yoongiသည်
စကားစတော့မပြတ်ပေမဲ့
ပခုံးလေးကို ဆွဲကိုင်ရင်း
ဘေးနားခေါ်ထားလိုက်သည်။အမြဲတစေ လုပ်နေကျ
အပြုအမူ လို သက်တောင့်သက်သာ
ဖြစ်နေသော နှစ်ယောက်သားပုံစံကို
ကြည့်ရင်း စကားပြောနေသည့်
ဒါရိုက်တာကြီးကတော့ အံ့သြ သွားသည်ကို
မနည်းထိန်းလိုက်ရသည်လေ။
![](https://img.wattpad.com/cover/238194540-288-k195882.jpg)
YOU ARE READING
Hey! Mr.Rapper, I'm your Anti-fan [YM]
FanfictionEveryone thinks that I'm his hardcore fan,Why???