[ Unicode ]Don't touch my Tomato Juice!
Drama က ဆက်သွယ်လာဖို့ကို
စောင့်စားနေစဥ်မှာတော့ Jiminသူလက်ခံထားတဲ့
Yoongi ရဲ့ သီချင်းအသစ် ကို
ရိုက်ကူး ပေးရမှာဖြစ်သည်။သြော် ဟုတ်ပါတယ်
Don't touch my tomato juice ဆိုတာကတော့
လတ်တလော ကမှ သူလူရွေးပွဲသွားဖြေထားတဲ့
Dramaအသစ်ရဲ့ တရားဝင်နာမည်ပါ။Jae Min hyungဆီက သူကြားမိတာကတော့
အမျိုးမျိုးသော အမည်တွေကြားက
အဓိက မင်းသမီးက
အရမ်းသဘောကျလွန်းတာကြောင့်
အတင်းပူဆာပြီး ရွေးထားခဲ့တဲ့ နာမည်တဲ့လေ ။
ထူးဆန်းပါပေ့။......
Min Yoongiကတော့ သူ့ရဲ့ scenes တွေကို
အမြဲနောက်မှ သီးသန့်ရိုက်ကူးလေ့ရှိတာကြောင့်
သူ့ကိုရိုက်ကွင်းမှာ တွေ့ရမှာမဟုတ်ဘူးဆိုတာ
Jimin သိထားသည်။ဒါနဲ့ မိန်းကလေးသရုပ်ဆောင်က
ဘာလို့ဒီလောက်နောက်ကျနေတာလဲ။သူစောင့်နေရတာ တော်တော်လေး ကြာပြီ။
ဘေးနားက Eun Seok hyung ကတော့
မျက်နှာထားတော်တော်တင်းမာလျက်ရှိသော်လည်း
ဘာမှလုပ်မပေးနိုင်ဘဲ ရှိနေ၏ ။Director ကဆက်သွယ်ခိုင်းတော့
ကားပိတ်နေလို့ ဟုသော
သာမန်ကာလျှံကာ အကြောင်းပြချက်လေးနှင့်
နောက်ကျနိုင်သည်က
လတ်တလောအောင်မြင်ကျော်ကြားလာသောသူမ၏ နောက်တွင် နောက်ခံတောင့်တောင့်
ရှိသည် မို့တဲ့လေ ။
ဒီလိုမျိုးက ဒီလောကတွင်တော့
ထူးဆန်းသည့်ကိစ္စတော့မဟုတ်။နှစ်နာရီကျော်ကြာပြီးမှ
ရောက်မလာသေးသည်ကတော့
အတော်လေး လွန်သွားပြီမို့
Eun Seok တစ်ယောက်
Directorဆီသွားပြော တော့လည်း
လာနေပြီမို့ သည်းခံပြီး စောင့်လိုက်ပါဟူသော
အဖြေသာရ၏ ။သူ၏ အကြည့်စူးစူးတွေကို
မသိချင်ယောင်ဆောင်နေသော
ဒါရိုက်တာာ သဘောထားက
တွေးကြည့်စရာတောင်မလို
ဘက်လိုက်နေမှန်းသိသာစွာ ။Jimin ၏ စိတ်အခြေအနေကတော့မကောင်းတော့ ။
စိတ်တိုလိုက်တာ ဒီလိုဖြစ်တာ
Min Yoongiကအကျင့်မကောင်းလို့ ။**Hyung ထားလိုက်တော့ ကျွန်တော်တို့ ပြန်ကြမယ်**
**ဟိုကလာနေပြီ ရောက်တော့မယ်တဲ့**
YOU ARE READING
Hey! Mr.Rapper, I'm your Anti-fan [YM]
ספרות חובביםEveryone thinks that I'm his hardcore fan,Why???