မှတ်ဉာဏ်များ ပျောက်ဆုံးနေခဲ့သည့်တိုင် လုထောင်သည် သူ၏ရာထူးကိစ္စနှင့် ပတ်သက်၍ နည်းနည်းလေးမျှ ဂုဏ်ယူဝမ်းမြောက်ခြင်း မရှိပါပေ။ သူက မိမိနှင့်ချန်းကျင်း၏ အကြောင်းကိုသာ စိတ်ဝင်စားဟန်ပေါက်လေ၏။

"အဲ့ဒီတော့ ကိုယ်တို့မှာ ကလေးတွေရောရှိပြီလား?"

သူက ခဏစကားရပ်လိုက်ပြီး မိမိဘာသာ ပြန်ဖြေလာခဲ့၏။

"ဪ မရှိဘူးနဲ့တူတယ်။ ခုနက ဖေလီပြောသွားတာ ကိုယ့်ရဲ့တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်တဲ့ ဆွေမျိုးက အဲ့ဒီအဖွားတစ်ယောက်တည်းဆို"

လုထောင်က နားမလည်နိုင်စွာဖြင့် ထပ်ရေရွတ်လေ၏။

"အိမ်ထောင်သက်တမ်း ၇ နှစ်တောင်ကြာခဲ့ပြီကို ဘာလို့ ကိုယ်တို့မှာ ကလေးမရှိရတာလဲ?"

သူ၏မေးခွန်းကြောင့် ချန်းကျင်းခန္ဓာကိုယ်လေးသည် တမဟုတ်ချင်း တောင့်တင်းလို့သွားခဲ့ရပေ၏။ လုထောင်၏ အကြည့်များမှ သူဘယ်လိုရုန်းထွက်ရမလဲ မသိတော့။ ချန်းကျင်းက အချိန်အတော်ကြာ ငြိမ်နေခဲ့ပြီးမှ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလာသည်။

"ဘာလို့ဆို ကျွန်တော်က...အဲ့ဒီအတွက် အလျင်လိုဖို့မလိုဘူး ထင်လို့..."

[ TN : Actually ch 4 is started from here! Yesterday i dropped some parts ><]

၎င်းအကြောင်းပြချက်က မုသားစကားသက်သက် ဖြစ်လေ၏။

မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့သည့်တိုင် လုထောင်၌ ဝေဖန်ပိုင်းခြားနိုင်စွမ်းက ရှိနေသေးသည်ပင်။ ထို့ကြောင့် ချန်းကျင်း၏ အမူအရာများမှ တစ်ဆင့် သူညာပြောနေကြောင်းကို ခန့်မှန်းမိသော်ငြား လုထောင်က မသိချင်ယောင်ဆောင်၍ သူ့ကို ပြန်မေးလာ၏။

"ဘာလို့ ကိုယ်တို့က အလျင်လိုဖို့ မလိုရတာလဲ"

၎င်းမေးခွန်းကြောင့် ချန်းကျင်းသည် အံ့ဩသွားရကာ တစ်ဖက်လူကို ခေတ္တ ကြောင်ကြည့်မိသည်။ ထို့နောက်တွင်မူ သူ၏မျက်နှာတစ်ခုလုံး နီရဲလာရသဖြင့် ချက်ချင်းမျက်လွှာချကာ စကားလမ်းကြောင်း ပြောင်းလိုက်တော့လေ၏။

"ခင်ဗျား..ဗိုက်ဆာနေမှာပဲနော်! ကျွန်တော်စားစရာတစ်ခုခု သွားယူပေးမယ်"

Application For Divorce  [ 离婚申请 ] Where stories live. Discover now