♠TWENTY-SIX♠

3.9K 363 22
                                    

Unicode

4.8.2021

Jungkookအမြန်လာ...

Notre-Dameလို့ခေါ်တဲ့အဆောက်အအုံရှိရာသို့သွားရာလမ်းတစ်လျှောက်.... တံတားပေါ်၌ ကလေးကဲ့သို့ပြုံးပျော်နေတဲ့သူအားကြည့်ရင်း.. အပြုံးတွေကူးစက်သွားသည်ထိ...

အမှီပြေးလိုက်သွားရင်း. လက်လေးကိုမလွတ်အောင်အမြန်ဖမ်းချုပ်လိုက်သည်..

ဝါး... ငါParisကိုကြိုက်ရတဲ့အကြောင်းရင်းထဲဒီလိုရုပ်ထုတွေကြောင့်လဲပါတယ်..

အဆောက်အအုံတွင်းရှိရှေးဟောင်းရုပ်ထုများကိုလက်ညှိုးတထိုးထိုးနဲ့ပြောပြနေတဲ့သူ...

အမှတ်တရဓာတ်ပုံရိုက်ရအောင်...

အင်း...

ထို့နောက်...

Catacombsလို့ခေါ်တဲ့အရိုးခေါင်းများရှိရာလှိုဏ်ဂူသို့...

Jungkook... မကြောက်ဘူးလား

မကြောက်ပါဘူး ဒီဂူထဲကျွန်တော်တို့၂ယောက်ထဲမှမဟုတ်တာ.. မီးတွေလဲတပ်ပေးထားတာဘဲ...

ဒါမဲ့အရိုးခြောက်တွေ အရိုး‌ခေါင်း တွေကအများကြီး...

ဒီနေရာကိုသဘောမကျဘူးလား

ဟင့်အင်း.. ငါ(၆)နှစ်သား‌လောက်က Parisနေရာအနှံ့လည်ဖူးတယ်. ဒါမဲ့ဒီနေရာကိုတော့ငါမလိုက်ဘူး..

Babyက ငကြောက်လေးဘဲ.

နောက်မနေနဲ့ အပြင်ပြန်ထွက်မယ်.

ဓာတ်ပုံမရိုက်တော့ဘူးလား..

Jeon Jungkook..

ခပ်ကြိတ်ကြိတ်ခေါ်သံကြောင့် အသာရယ်လိုက်ကာ..ထိုနေရာမှ အမြန်ထွက်လာရတော့သည်...

ရေခဲမုန့်စားချင်တယ်ဆိုတာကြောင့်ဝယ်ကျွေးလိုက်ရင်း...

ဗိုက်မဆာသေးဘူးလားBaby... နေ့လယ်ဘာစားမလဲ

ဟင့်အင်းမဆာသေးဘူး... ပြတိုက်အရင်သွားရအောင်..

" BABY " [Uni & Zaw]जहाँ कहानियाँ रहती हैं। अभी खोजें