♠SEVENTEEN♠

3.5K 420 16
                                    

Unicode

13.7.2021

သူ.. Jungkookနဲ့အတူ နေ့ရက်တွေကိုပျော်ရွှင်စွာဖြတ်သန်းလာတာ တစ်ပတ်ခန့်ရှိခဲ့ပြီ.. ဒီတစ်ပတ်အတွင်း.. မမလဲငြိမ်နေတယ်လို့ဆိုရမည်... တနေ့တော့ သူနဲ့ Jungkook အကြောင်း မမကိုပြောပြဖို့စဥ်းစားထားသည်.. မပြောပြလို့မဖြစ်တဲ့အရာပေမဲ့..ပြောသင့်တဲ့. အချိန်အခါကိုသူစောင့်နေသည်...

ဒီလိုအချိန်မှာဖွင့်ပြောဖို့တွက် သူသတ္တိမရှိသလို.... မမ.. စိုးရိမ်စရာတစ်ခုခုဖြစ်သွားမှာလဲစိုးရိမ်တာကြောင့်ပင်...

မိုးအေးအေးနဲ့.. ကော်ဖီပူပူတစ်ခွက်သောက်ရင်း... ရုံးခန်းပြတင်းပေါက်ကနေအပြင်သို့ငေးရင်း သူတွေးမိနေခြင်းပင်..

ချစ်မိတဲ့သူကတော့အနားမှာမရှိ... ကျောင်းပျက်တာများနေပြီဖြစ်တာကြောင့် သူကိုယ်တိုင်မသွားရင်.. ငါနဲ့လဲမတွေ့နဲ့ဆိုပြီး ခြိမ်းခြောက်လိုက်မှသာ... ဆူပုတ်ပုတ်နဲ့သွားတဲ့သူ...

အချစ်ဆိုတာထူးဆန်းပါတယ်... မဖြစ်နိုင်ဘူးဆိုတာလဲမရှိသလို မချစ်နိုင်လောက်ဘူးလို့လဲ မထင်နိုင်လောက်အောင် အချစ်ကစွမ်းသည်... ရန်သူတစ်ယောက်လိုသတ်မှတ်ထားပြီး အမုန်းကြီးမုန်းမိခဲ့တဲ့သူက.. အချစ်နဲ့တွေ့တော့.. ဘာတစ်ခုမှကိုမမှတ်မိတော့သလို. မနာတော့သလို. မမကိုအားနာပေမဲ့လို့ပေါ့...

၂ယောက်တွေ့ချိန်တိုင်းလဲ အရင်ကကိစ္စတွေကိုအတတ်နိုင်ဆုံးသူမေ့ထားသည်... Jeon Jungkookရဲ့ချစ်ပြတတ်မှုကြောင့် နေ့စဥ်ရက်ဆက် ရင်တုန်နေရတာသူပင်...

ကြည်နူးစရာအကြောင်းလေးတွေးမိတော့ နှုတ်ခမ်းတွေက ကော့ညွတ်သွားသည်... ငါတော်တော်ကိုဖြစ်နေပြီဘဲ...

တီ.... တီ..

Hello..Hyung

Baby.. အားလား

နောက်တစ်နာရီဆိုရင်တော့အားတယ် ဘာလို့လဲHyung..

Hyung.. babyကို ဝန်ခံစရာနဲ့. တောင်းပန်စရာရှိလို့ပါ.

" BABY " [Uni & Zaw]Where stories live. Discover now