♠NINETEEN♠

3.6K 426 6
                                    

Unicode

18.7.2021

Baby...

အိမ်ပြန်ရောက်ရောက်ချင်းအမေ့ခေါ်သံကြောင့်.. လှည့်ကြည့်မိတော့ မျက်နှာမသာမယာနဲ့ထိုင်နေတဲ့ အဖေနဲ့အမေ့အားတွေ့လိုက်ရသည်...

ဘာဖြစ်နေကြတာလဲ.

အမေတို့ကိုမမေးခင် အမေတို့မေးတာကိုBabyအရင်ဖြေပေး..

ဒီဓာတ်ပုံကိုရှင်းပြနိုင်မလား

ဒါ ဘယ်လိုလုပ် အမေတို့ဆီ.

မဟုတ်ဘူးမလားBaby... အမေတို့သိတဲ့Babyကမလုပ်သင့်တာကိုလုပ်မှာမဟုတ်ဘူးမလား

.....

ဖြေလေBaby..

တောင်းပန်ပါတယ်အဖေနဲ့အမေ.... ကျွန်တော်လဲမတတ်နိုင်ခဲ့ဘူး.

ဘာ ခွပ်..

တခါမှ... အသားထိဖို့မပြောနဲ့ လက်တောင်မရွယ် ဆူတောင်မဆူခဲ့ဖူးတဲ့အဖေကသူ့အား ထိုးလိုက်ခြင်းပင်. ထိန်းချုပ်ထားတဲ့ ‌ေဒါသတွေပွင့်ထွက်သကဲ့သို့. ထိုးချက်ကပြင်းလှသည်.. အမေကတော့မျက်ရည်တွေကျနေဆဲ..

ခုချက်ချင်းရပ်တန်းကရပ်ပါ... မရပ်ရင်ငါတို့အဆိုးမဆိုနဲ့..

မရပ်နိုင်ဘူးအဖေ... တတ်လဲမတတ်နိုင်ဘူး သူ့ကိုမချစ်မိဖို့ ကြိုးစားပေမဲ့... မရဘူးအဖေ... အေးအေးဆေးဆေးဖြစ်သွားမှပြောပြဖို့လုပ်ခဲ့ပေမဲ့ အဖေတို့ကသိသွားခဲ့တော့.

Babyသား... သားကလိမ္မာတဲ့သားပါ ငယ်ငယ်ကတည်းကလုပ်သင့်မလုပ်သင့်တာကို ခွဲခြားနိုင်တဲ့ကလေးပါ.. ခုဟာကမဟုတ်ဘူးလေ. မဖြစ်နိုင်ဘူး မဖြစ်သင့်တာဆိုပိုမှန်မယ်..

ကျွန်တော်တောင်းပန်ပါတယ်.. အဖေတို့ကြိုက်သလိုလုပ်ပါ. ဘယ်ပြစ်ဒဏ်နေနေ ခံယူဖို့အသင့်ပါဘဲ..ကျွန်တော်နားတော့မယ်.

မမကိုကောဘာမှပြောစရာမရှိဘူးလားBaby.

အခန်းသို့တက်ရန်ပြင်စဥ်ကြားလိုက်ရတဲ့မမရဲ့အသံ..

" BABY " [Uni & Zaw]Donde viven las historias. Descúbrelo ahora