♠EIGHT♠

3.5K 441 24
                                    

Unicode

29.5.2021

ဟုတ်တယ် ကျွန်တော်Jimin.ကိုရင်ခုန်တယ်

Jungkook...

မိုးရေတွေနဲ့ရော ငိုရှိုက်ရင်း ဖွင့်ဟလာတဲ့သူကြောင့်. သနားစိတ်ဝင်မိပေမဲ့... သူ့အစီစဥ်အောင်မြင်တော့မည်ဟုတွေးမိပြန်တော့ ကြိတ်ပြုံးမိလိုက်သေးသည်...

စိတ်ဆိုးသွားလားJimin.. ကျွန်တော် မရည်ရွယ်ပါဘူး.. ဘယ်သူ့ကိုမှလဲရင်မခုန်ဖူးပါဘူး... ခုကလဲပွဲလန်တုန်းဖျာခင်းတဲ့သဘောနဲ့ ဖွင့်ပြောတာမဟုတ်ပါဘူး.. ဒီတိုင်း ဒီတိုင်းဘဲ ပါးစပ်ကနေခံစားချက်တွေ ထွက်ကျလာတာ ကျွန်တော်ကိုယ်တိုင်တောင် သတိမထားမိဘဲ..

အိမ်အရင်ပြန်ရအောင်Jungkook.. ဒီပုံစံတိုင်းဆို မင်းဖျားလိမ့်မယ် သွားရအောင်. ထ..

Jiminဘက်ကကော..

အိမ်အရင်ပြန်ရအောင်

Jiminဘက်ကသဘောထားသိပြီးမှ ကျွန်တော်ထမယ်.

ခေါင်းမမာနဲ့Jungkook. မင်းခန္ဓာကိုယ်ကအေးလွန်းလို့တုန်နေပြီ

ဂရုမစိုက်ဘူး..

ဟူး ငါမင်းကိုစိတ်မဆိုးပါဘူး မုန်းလဲမမုန်းဘူး

ဒါဆို

ငါတို့တွဲကြည့်မလားJungkook..

~~

ထို နေ့ကစလို့Jiminနဲ့ကျွန်တော် စတွဲခဲ့ကြသည်.. Jiminဆီကရင်ခုန်တယ် သဘောကျတယ်ဆိုတာ သူတခါမှမကြားဖူးသေး... အရင်ဆုံးတွဲကြည့်ပြီးမှ သူ့ခံစားချက်ကိုရှာဖွေမယ်ဆိုတာကြောင့် သူလက်ခံခဲ့သည်.. သူ့ဘက်ကဂရုစိုက်မှုတွေကြင်နာမှုတွေ... ပေးရင်Jiminဘက်ကလဲသူ့ပေါ်စိတ်ယိုင်လာနိုင်တာလဲလေ..

သူ့ဘက်ကတော့ တနေ့တခြား... Jiminရဲ့အပြုအမူတွေတိုင်းမှာ ရင်ခုန်ရပြီး အပြုံးလေးမြင်ရုံနဲ့ စိတ်ထဲအေးချမ်းသွားရသည်.. အချစ်ဆိုတာဒါမျိုးလား တခါမှမခံစားဖူးခဲ့ပေမဲ့.. ခုတော့လက်တွေ့ကြုံရပြီ..

" BABY " [Uni & Zaw]Donde viven las historias. Descúbrelo ahora