♠EIGHTEEN♠

3.4K 437 14
                                    

Unicode

14.7.2021

Park Jiyoonတစ်ယောက်Seokjinနဲ့ဖုန်းပြောပြီးတာနဲ့ချက်ချင်း. ဖုန်းနံပါတ်တစ်ခုအားနှိပ်ကာ... အမိန့်ပေးလိုက်တော့သည်.. တောင်းပန်ပါတယ်Seokjin.. ဒီလိုမှမလုပ်ရင်.. မရလို့ပါ...

ထို့နောက်ပြင်ဆင်ကာ အပြင်သို့ထွက်လာတော့ အဖေနဲ့အမေက တားသည်..

ဘယ်ချိန်ထိအိမ်ထဲမှာ.. တိတ်တဆိတ်နေနေရမှာလဲ.. သမီးအရုပ်မဟုတ်ဘူး

ဒါမဲ့Babyက သေချာမှားထားတယ် Jiyoon.

Babyတစ်ယောက်ထဲကိုဘဲ အမေတို့သားလို့သတ်မှတ်ထားတာလား သမီးလဲအမေတို့သမီးပါ..

သမီးဘာတွေဖြစ်နေတာလဲJiyoon. သမီးဒုက္ခရောက်မှာစိုးလို့.. အမေတို့နဲ့Babyက

တော်ပါတော့.. အမေတို့ကဘာမှမသိဘဲBabyပြောသမျှကိုယုံပြီး သူပြောသလိုနာခံနေကြတာ..သမီးကိုcoverယူပြီး.. သူဖြစ်ချင်တိုင်းဖြစ်နေတာကျ အမေတို့သိလား

Jiyoon!!.. ငယ်ငယ်ကတည်းကအမြဲBabyအပေါ်သည်းခံပြီး ငါတို့ဆူရင်တောင်အမြဲရှေ့ကနေကာတဲ့နင်က.. ခုဘာလို့ဒီလိုတွေဖြစ်နေရတာလဲ. နောက်ပြီးBabyကိုယုံတယ် ဘာမှမဟုတ်တာလုပ်မှာမဟုတ်ဘူး.

ဒီပုံကိုမြင်ရင်ကော အမေယုံဦးမှာလား

Jungkook,igပေါ်တင်ထားBabyနဲ့၂ယောက်ပုံအား အမေ့ကိုပြလိုက်တော့သည်.. မတတ်နိုင်ပါ..

ဒါ ဒါက

မြင်ပြီလား သူနဲ့သမီးနဲ့ဆိုရင်သမီးဒုက္ခရောက်မှာစိုးလို့ဆိုပြီး.. တားခဲ့တဲ့Babyက ခုသူကိုယ်တိုင်.. အဲ့ကောင်လေးနဲ့တွဲနေတာလေ

မဖြစ်နိုင်ဘူး.. Babyကဒီလိုလုပ်မဲ့သူမဟုတ်ဘူး

ဒါဆိုလဲ. သူပြန်မှအမေကိုယ်တိုင်မေးကြည့်ပေါ့.. အမေ့ ချစ်သားက အမေ့ကိုတော့မလိမ်လောက်ပါဘူး...

သူမအမေဖြစ်သူနဲ့စကားများပြီး ကားပေါ်သို့တက်လိုက်သည်နဲ့.. Jungkookအားဖုန်းဆက်လိုက်သည်.

" BABY " [Uni & Zaw]Where stories live. Discover now