♠TWO♠

4.7K 507 17
                                    

Unicode

13.5.2021


ကမ်းခြေရဲ့အလှကိုငေးရင်း.... ပင်လယ်လေကိုတဝကြီးရှူရှိုက်လိုက်သည်..

ဝါး.. နေလို့ကောင်းလိုက်တာ

ပျော်ရင်ခဏခဏလာရအောင်လေ..

တော်ပါပြီမရာ.... မ. အကုန်အကျများနေပါမယ်..

မဟုတ်တာ. ကိုယ့်ချစ်သူတွက်ဒီလောက်တော့ သုံးရမှာဘဲလေ မဟုတ်ဘူးလား

ဟုတ်ပါပြီဗျာ..

ခဏအကြာ.. တခုခုသောက်ရန်ဝယ်ဖို့ မ,ကို ထားပြီးထွက်လာခဲ့သည်...

ရုတ်တရက်ရှေ့ကမြင်လိုက်ရတဲ့သူကြောင့် အသာပြုံးရင်းအနားကပ်သွားလိုက်သည်.

ဟို မှတ်မိလားမသိဘူး

ဟင်..?အာ. မှတ်မိပြီ အရင်နေ့ကဆိုင်ကယ်နဲ့တိုက်မိမလိုဖြစ်တာ..

လက်ခံကြောင်းအပြုံးနဲ့သာ ဆိုလိုက်သည်

ရုတ်တရက်ဆိုတော့မမှတ်မိဘူးဖြစ်သွားတာ.

ရပါတယ်.. ကျွန်တော်လဲ.. အဝေးကတည်းကမြင်တာ... သေချာအောင်လာနှုတ်ဆက်တာ

အင်း... ကမ်းခြေအလည်လာတာလား.

ဟုတ်တယ်. အသိအမတစ်ယောက်နဲ့အတူ.

အော်.. အမလဲ အမသူငယ်ချင်း၂ယောက်နဲ့လာတာ အားလပ်ရက်အပန်းဖြေရအောင်လို့.

မ,ကခင်ဖို့ကောင်းတယ်နော်... တခါဘဲဆုံဖူးတာတောင်ဖော်ရွေတယ်.

အကျင့်ဖြစ်နေလို့ပါ.

ဒါဆို မိတ်ဖြစ်ဆွေဖြစ် တခုခုသွားသောက်ရအောင်လေ လက်ခံပေးမယ်မလား

အင်း ရပါတယ်.. အမသူငယ်ချင်း၂ယောက်ကရေဆော့နေတာ သွားခေါ်လိုက်ဦးမယ်

ဟိုး ဟိုး.. ဟိုး နေပါစေ သူတို့ဆော့နေတုန်း ကျွန်တော်တို့သွားသောက်ပြီး အမြန်ပြန်လာရင်ရတာဘဲ.

အင်း အဲ့လိုဘဲလုပ်ကြတာပေါ့..

~~
ကျွန်တော့နာမည်က Jeon Jungkookပါ.. ဒါနဲ့
မ,က.. လိမ္မော်သီးကြိုက်တာလား

ဟင့်အင်း... အရမ်းမကြိုက်ပေမဲ့ အိမ်ကBabyကြိုက်လို့.. သောက်ဖြစ်တာ

" BABY " [Uni & Zaw]Where stories live. Discover now