♠NINE♠

3.6K 452 10
                                    

Unicode

30.5.2021

စားသောက်ဆိုင်အတွင်း. ထိုင်နေတဲ့ လူ၃ယောက်... တိတ်ဆိတ်နေပေမဲ့ တစ်ယောက်တစ်မျိုးအတွေးကိုယ်စီဖြင့်...

ဘယ်တုန်းကပြန်ရောက်တာလဲ Baby

မကြာသေးခင်က..

အော်.. ကိုယ်တို့မတွေ့ရတာတောင် အတော်ကြာခဲ့ပြီဘဲ..

အင်း.

ဒါနဲ့သူက..

သူငယ်ချင်း..

Jungkookတွေဝေနေရာက.. စိုးရိမ်စိတ်အနည်းငယ်ပါတဲ့မျက်လုံးတွေနဲ့Jiminကိုကြည့်လိုက်သည်.. သူငယ်ချင်းတဲ့လား...ဘယ်တုန်းကပြန်လာတာလဲမေးရအောင် Jimin.ကဘယ်သွားလို့လဲ .  နောက်ပြီး Babyလို့ခေါ်နေတဲ့ရှေ့ကလူကကော ဘယ်သူလဲ ဘယ်လိုပတ်သတ်တာလဲ.. သူ့စိတ်ထဲ သိချင်စိတ်က တနုံ့နုံ့ခံစားနေရသည်...

ဒီကိုအပြီးပြန်လာတာလား

ဟင့်အင်း လုပ်စရာလေးရှိလို့

အာ.. မမြင်တာကြာလို့နေမယ် အနေစိမ်းသွားသလိုဘဲ.

အကျင့်ပါနေလို့ပါ.

ပြန်တွေ့တဲ့အနေနဲ့ hyungဝယ်ကျွေးပါ့ မယ်.ဖက်ထုပ်ဘဲမလား..

အင်း..

စားသောက်ပြီးသည်အထိ Jungkookဘက်ကတိတ်ဆိတ်နေခဲ့သည်.. seokjinဘက်က.. တခုပြီးတခုပြောနေပေမဲ့ Jiminကတော့.. ပုံမှန်သာပြန်ဖြေသည်..

ဟိုလူပြန်သွားတော့မှ. သူနဲ့Jiminလဲအိမ်သို့ပြန်ခဲ့လိုက်သည်. အိမ်ပြန်လမ်းတစ်လျှောက် Jimin.ဘက်ကစကားတစ်ခွန်းမှမဟ.. တွေဝေနေပုံနဲ့. အေးစက်နေတဲ့မျက်နှာထားနဲ့သာကားမောင်းနေခဲ့သည်.. သူ့ဘက်ကလဲတွေးစရာများနေတာမလို့ တိတ်တဆိတ် သာလိုက်လာခဲ့သည်..

အိမ်ရှေ့ထိလိုက်ပို့ပြီးတော့လဲ နှုတ်မဆက်ဘဲ ပြန် ဖို့လုပ်နေတဲ့Jimin.ကြောင့် သူကဘဲ..

ကောင်းသောညပါ Jimin.

အာ အင်း Jungkookကောဘဲ.

~~

အိမ်ရောက်တာနဲ့ ကုတင်ပေါ် တစ်ကိုယ်လုံး ဘုန်းကနဲ မြည်အောင်လှဲချလိုက်သည်..

ပင်ပန်းတယ်Hyung.. hyung.မျက်နှာကိုမြင်ရတာပင်ပန်းတယ်.. အရင်က Hyungအသံလေးကြားရရင်တော့ အေးချမ်းပြီးပျော်ရွှင်ရပေမဲ့ ခုတော့ပူလောင်တယ်Hyung..

" BABY " [Uni & Zaw]Where stories live. Discover now