♠FIVE♠

4.1K 468 15
                                    

Unicode

20.5.2021

ဟန်ဆောင်ပန်ဆောင်လုပ်ရင်း ညကအိပ်ပျော်သွားခဲ့တာ မနက်ရောက်မှကြည့်မိတော့... သူ့အိမ်မှာမဟုတ်မှန်းရိပ်မိလိုက်သည်.... အင်္ကျီအိတ်ထဲကဖုန်းကိုထုတ်ကြည့်လိုက်တော့ ထင်ထားသည့်အတိုင်း မမတို့ဖုန်းခေါ်ထားတဲ့callတွေကမြောက်မြားစွာ....

ဒါနဲ့... ဟိုတစ်ယောက်ကော?

တွေးနေလို့မှမဆုံးသေး ကြားလိုက်ရတဲ့အသံတွေက..

ခင်ဗျားတော်တော့... ကျွန်တော့ဘာသာဘာလုပ်လုပ်ခင်ဗျားအပူမပါဘူး အဖေဆိုပြီး နေရာတကာ ဝင်မစွက်ဖက်နဲ့.. ဘာလဲ.. အရက်ဖိုးကုန်သွားလို့လား..

မင်းငါ့ကိုမစော်ကားနဲ့ငါကမင်းအဖေ.

အဖေဆိုတဲ့နာမည်ဘဲရှိတာ.. အဖေဖြစ်ထိုက်လို့လား. ဒီမှာရော့ ပိုက်ဆံအရက်ဘဲသောက်ပြီး ပါးစပ်ပိတ်နေရင်ကောင်းမယ်...

သူပေးတဲ့ပိုက်ဆံအားယူကာထွက်သွားသော အဖေ.. သေချာပေါက်အရက်ဆိုင်ပေါ့..

မနေ့ညက.. တွဲလက်စရည်းစားဟောင်းတစ်ယောက်ကိုဖြတ်တာ.. တော်တော်နဲ့ဖြတ်မရလို့ Barမှာပြဿနာတက်တော့မလိုတောင်ဖြစ်ခဲ့ရသည်.. ကံမကောင်းချင်တော့ဘယ်ကမှန်းမသိတဲ့လူက သူ့ပေါ်လဲပြီးအိပ်ပျော်လာတာမလို့.. ကြံရာမရတဲ့အဆုံးအိပ်ခေါ်လာခြင်းသာ.. ဒါကိုအဖေက... ရှုပ်ပွေတဲ့အဆင့်ကနေ အိမ်ခေါ်အိပ်တဲ့ထိဖြစ်လာပြီလား.. ယောကျ်ားတွေပါမချန်တော့တာလားဆိုပြီး. စောစောစီးစီး အော်ဟစ်နေတော့ သူစိတ်တိုရပြန်သည်.

တောက်..... တစ်ချက်ခေါက်ကာ အခန်းထဲဝင်လာတော့ နိုးနေပြီဖြစ်တဲ့ထိုလူ..

နိုးနေပြီလား..

ငါဘယ်လိုလုပ်ဒီကို..

မမှတ်မိဘူးထင်တယ် ညကခင်ဗျားမူးပြီး... ကျွန်တော့ပေါ်လဲလာလို့... ပို့စရာနေရာလဲမသိတာနဲ့အိမ်ခေါ်လာတာ.

အာ.. အဲ့လိုလား. ဒါဆိုကျေးဇူးပါနော်..

ရပါတယ် မလိုပါဘူး..

" BABY " [Uni & Zaw]Where stories live. Discover now